April 22, 2026

စစ်အာဏာသိမ်း (၁၉၀၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၉၈၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ၂၃ AAPP ရဲ့ ဧပြီ၂၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၀၆) ရက်အတွင်း ပြည်သူ (၇၉၈၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၈၉၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၈၂၁)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

အာဆီယံရဲ့ အသိအမှတ်ပြုမှုရဖို့ အသွင်ပြောင်းအစိုးရ စတင်ခြေလှမ်း

နေပြည်တော် ၊ ဧပြီ ၂၃ အာဏာသိမ်း စစ်တပ်ရဲ့ အရပ်သားအသွင်ပြောင်းအစိုးရအဖြစ် ပုံဖော်မှုမှာ သမ္မတရာထူးကို ရယူထားတဲ့ ဦးမင်းအောင်လှိုင်က အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားရမယ်လို့ ပြောပါတယ်။ ဧပြီ ၂၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ ပတ်သက်ပြီး ပြန်လည်ဖွဲ့စည်းထားတဲ့ ကာလုံအဖွဲ့ဝင်တွေကို ပြောကြားခဲ့တာပါ။ သူတို့အနေနဲ့ အာဆီယံဘုံသဘောတူညီချက်…

မွန်မှာ စက်သုံးဆီတွေကို QR Code စနစ်နဲ့ စတင်ရောင်းချ

မော်လမြိုင် ၊ ဧပြီ ၂၃ မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့ စက်သုံးဆီ အရောင်းဆိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်သုံးဆီ ဝယ်ယူခွင့်အတွက် စက်သုံးဆီဆိုင်တွေက QR Code တွေ လုပ်ဆောင် ပေးနေပြီး ယာဉ်အုပ်စုနဲ့ စက်စွမ်းအင် အပေါ် မူတည်ကာ…

လောင်းလုံးမှာ စစ်ကြောင်းထိုးနေတာကြောင့် ရွာလုံးကျွတ်တိမ်းရှောင်နေရ

လောင်းလုံး၊ ဧပြီ ၂၃ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ညှင်းမော်ကျေးရွာကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဧပြီ ၂၂ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်မှာ လောင်းလုံးမြို့ပေါ်ကနေ တဆင့် ညှင်းမော်ကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။ စစ်ကော်မရှင်တပ်ဟာ သင်္ကြန်မတိုင်မီကတည်းက လောင်းလုံးမြို့ပေါ်မှာ…

အာဖရိကနိုင်ငံတွေက လေပိုင်နက် ပိတ်ထားလို့ ထိုင်ဝမ်သမ္မတ ခရီးစဉ် ဖျက်သိမ်း

တိုင်ပေ၊ ဧပြီ ၂၂ အာဖရိကနိုင်ငံတွေ လေပိုင်နက်ပိတ်ထားလိုက်ပြီးနောက် ထိုင်ဝမ်သမ္မတ လိုင်ချင်းတီရဲ့ အက်စ်ဝါတီနီ နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ တရုတ်က သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို လေပိုင်နက် ပိတ်ထားရေး ဖိအားပေးခဲ့တာကြောင့် အခုလို ခရီးစဉ် ဖျက်သိမ်းရတာ ဖြစ်တယ်လို့ ထိုင်ဝမ် သမ္မတက စွပ်စွဲထားပါတယ်။ တရုတ်က အပြင်းအထန် ဖိအားပေးပြီး စီးပွားရေးအရ အကြပ်ကိုင်မှုကြောင့် ဆေးချဲလ်၊ မောရေးရှ…

အာဆီယံမှာ ပြန်ပါဝင်ခွင့်ရရှိရေး အဖွဲ့ရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းပေးရမယ်လို့ မြန်မာကို ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပြော

နေပြည်တော်၊ ဧပြီ ၂၂ အာဆီယံနဲ့ အပြည့်အဝ ပြန်လည် ပေါင်းစည်းချင်တယ်ဆိုရင် မြန်မာအနေနဲ့ အာဆီယံရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းပေးရမှာ ဖြစ်ကြောင်း ထိုင်း လက်ထောက်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက် ဖူအန်ခက်ကွေးက နေပြည်တော်သို့ သွားရောက်ခဲ့ပြီးနောက် သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ တစ်ဆင့်ချင်း ချဉ်းကပ်မှုက တစ်ဆင့် အာဆီယံနဲ့ မြန်မာ ပြန်လည်စေ့စပ်မှုကို ထိုင်းက ထောက်ခံကြောင်းလည်း…

ရေးမြို့နယ် ကံလှရွာအနီး တိုက်ပွဲဖြစ်ပွားနေ

ရေး၊ ဧပြီ ၂၂ မွန်ပြည်နယ် ရေးမြို့နယ် ကံလှကျေးရွာအနီးမှာ ဒီကနေ့ ဧပြီ ၂၂ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီတိုက်ပွဲဟာ ကင်းပုန်းလာဝပ်တဲ့ ရေးအခြေစိုက် အမှတ် ၅၈၃ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်တွေကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် လမ်းသွားလမ်းလာပြည်သူတွေနဲ့…

လောင်စာဆီတွေကို ရတဲ့နည်းနဲ့ ကြိုတင်စုဆောင်းထားဖို့ အာဏာသိမ်း သမ္မတ ပြော

နေပြည်တော်၊ ဧပြီ ၂၂ လောင်စာဆီနဲ့သွင်းအားစုတွေကို ရရှိနိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ ကြိုတင်စုဆောင်း ဖြည့်တင်းထားရှိဖို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။ မနေ့ ဧပြီ ၂၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးမှာ အာဏာသိမ်း သမ္မတက ပြောကြားခဲ့တာပါ။ အာဏာသိမ်း သမ္မတက လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း ပဋိပက္ခတွေကြောင့် နောက်ဆက်တွဲအနေနဲ့ နိုင်ငံတကာမှာ လောင်စာဆီ…

အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ထိပ်တန်း ကွန်ဒုံးကုမ္ပဏီ Karex ဈေးနှုန်းတိုးမြှင့်

ကွာလာလမ်ပူ၊ ဧပြီ ၂၂ မလေးရှားရှိ ကမ္ဘာ့ထိပ်တန်း ကွန်ဒုံးထုတ်လုပ်ရေး ကုမ္ပဏီ Karex Bhd (KARE.KL) က ကုန်ဈေးနှုန်း ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ စီစဉ်ထားကြောင်း ကုမ္ပဏီ အမှုဆောင် အရာရှိချုပ်က ဧပြီ ၂၁ ရက်မှာ ပြောပါတယ်။ အီရန် စစ်ပွဲကြောင့် ကုန်စည်ထောက်ပံ့မှု အနှောင့်အယှက်ဖြစ်နေတဲ့ အခြေအနေ…

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာမယ်

ဘေဂျင်း၊ ဧပြီ ၂၂ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ဆက်ဆံရေး အားကောင်းလာစေရေး တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အခု သီတင်းပတ် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အပါအဝင် သုံးနိုင်ငံသို့ သွားရောက်မှာ ဘေဂျင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဝန်ကြီး ဝမ်ယိဟာ ဧပြီ ၂၂ ရက်ကနေ ဧပြီ ၂၆ ရက်အတွင်း ကမ္ဘောဒီးယား၊…