ရေး၊ ဧပြီ ၂၂

မွန်ပြည်နယ် ရေးမြို့နယ် ကံလှကျေးရွာအနီးမှာ ဒီကနေ့ ဧပြီ ၂၂ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီတိုက်ပွဲဟာ ကင်းပုန်းလာဝပ်တဲ့ ရေးအခြေစိုက် အမှတ် ၅၈၃ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်တွေကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် လမ်းသွားလမ်းလာပြည်သူတွေနဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ နေရာတွေမှာ ယာယီတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးဘဲ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်ဘက်က လမ်းပိတ်ခဲ့ကာ တစ်နာရီနီးပါးအကြာမှာ လမ်းပြန်ဖွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ မိမိတို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို စုံစမ်းနေတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ရေးမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.