ဘေဂျင်း၊ ဧပြီ ၂၂

အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ဆက်ဆံရေး အားကောင်းလာစေရေး တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ အခု သီတင်းပတ် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အပါအဝင် သုံးနိုင်ငံသို့ သွားရောက်မှာ ဘေဂျင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဝန်ကြီး ဝမ်ယိဟာ ဧပြီ ၂၂ ရက်ကနေ ဧပြီ ၂၆ ရက်အတွင်း ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာသို့ သွားရောက်မှာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော် ကျားကွန်းက သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်အတွင်း ပြောပါတယ်။

အဲဒီ သုံးနိုင်ငံဟာ ဘေဂျင်းရဲ့ ရင်းနှီးခင်မင်ရတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ပြစ်ဒဏ်ခတ် အခွန် ကောက်ခံမှု၊ စိတ်အပြောင်းအလဲ မြန်တဲ့ မူဝါဒတွေနဲ့ စာရင် တရုတ်ဟာ ပိုပြီး တည်ငြိမ်မှုရှိတဲ့ နိုင်ငံ ဖြစ်ကြောင်း အိမ်နီးချင်းတွေကို ပြသဖို့ ဘေဂျင်း အစိုးရက ကြိုးပမ်းနေပါတယ်။

ဘေဂျင်းအစိုးရဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့ဗ်၊ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်၊ အဘူဒါဘီ တော်ဝင်မင်းသား မိုဟာမက် ဘင် ဇေယက် အယ်လ် နာယန်းနဲ့ ဗီယက်နမ် ခေါင်းဆောင် တိုလမ်းတို့ အပါအဝင် နိုင်ငံခြား အကြီးအကဲ အများအပြားကို ပြီးခဲ့တဲ့ သီတင်းပတ်က လက်ခံ တွေ့ဆုံခဲ့ပါတယ်။

ရာစုနှစ်တစ်စုမှာ တစ်ကြိမ် အသွင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့ ကာလအတွင်း အန္တရာယ်တွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒေသနဲ့ ဆက်ဆံရေး ပိုမိုတက်ရှိုင်းစေဖို့ အတွက် အဲဒီ သုံးနိုင်ငံသို့ သွားရောက်မှာ ဖြစ်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

ဝမ်ယိရဲ့ ကမ္ဘောဒီးယား ခရီးစဉ်အတွင်း တရုတ် ကာကွယ်ရေးဝန်ကြီး တွန်ကျန်လည်း လိုက်ပါမှာ ဖြစ်ပြီး သက်ဆိုင်ရာ အရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။

တရုတ် ဝန်ကြီးနှစ်ဦးဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်၊ သူ့ရဲ့ ဖခင် ဟွန်ဆန်တို့နဲ့လည်း တွေ့ဆုံမှာ ဖြစ်ကြောင်း ကမ္ဘောဒီးယားက သတင်းထုတ်ပြန်ပါတယ်။

တရုတ်ဟာ ကမ္ဘောဒီးယားရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု ရင်းမြစ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က တရုတ် သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် လာရောက်ခဲ့ပါတယ်။

အဲဒီ နိုင်ငံသုံးနိုင်ငံစလုံးဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ အဆင့်ကို ရောက်ရှိနေပြီး ထိုင်းနဲ့ မြန်မာမှာ မကြာသေးခင်ကမှ အစိုးရအသစ်တွေ ဖွဲ့စည်းထားတာတွေ့ရတယ်လို့ ကော် ကျားကွန်းက ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ကမ္ဘာတဝှမ်း နိုင်ငံတွေအပေါ် အခွန်တွေ တိုးကောက်ပြီး ကမ္ဘာ့စင်မြင့်ကို ဦးဆောင်နေတဲ့ အခြေအနေကနေ ရှောင်ဖယ်ထွက်ဖို့ ကြိုးပမ်းနေချိန်မှာ တရုတ်က နိုင်ငံတကာမှာ ပုံရိပ်ပိုကောင်းအောင် ကြိုးစားနေပါတယ်။

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က တိုက်ခိုက်နေချိန် ကမ္ဘာ့ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ရေလမ်းကြောင်း ဟောမု့ဇ်ကို ဖွင့်လှစ်ထားဖို့ တရုတ်က တိုက်တွန်း ပြောဆိုထားပါတယ်။

တရုတ်က မြန်မာနိုင်ငံရှိ သူတို့ရဲ့ စီမံကိန်းကြီးတွေကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေချိန်မှာ ဝမ်ယိရဲ့ အခုလို ခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ်က ရပ်ဝန်းတစ်ခု လမ်းကြောင်း တစ်ခု စီမံကိန်း ဖော်ဆောင်ရေး မြန်မာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း တွေ့ဆုံမှုတွေ ပြုလုပ်နေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.