ရေဖြူက မင်္ဂလာပွဲတစ်ခုကို စစ်တပ်ဝင်စီးပြီး ဒေသခံ ၂၀ ကျော် ဖမ်းဆီးသွား
ရေဖြူ၊ ဧပြီ ၂၁ တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသက မင်္ဂလာပွဲတစ်ခုကို စစ်ကော်မရှင်တပ် ဝင်ရောက်စီးနင်းပြီးနောက် အရပ်သားပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဧပြီ ၂၀ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က ထားဝယ်အထူးစီးပွားရေဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဟာ ထိန်ကြီးကျေးရွာ မင်္ဂလာပွဲကျင်းပနေတဲ့ နေအိမ်တစ်ခုကို…
