တီဟီရန်၊ ဧပြီ ၂၁

အမေရိကန်နဲ့ တိုက်ခိုက်မှုတွေ ပြန်စခဲ့မယ်ဆိုရင် မိမိတို့မှာ အများမသိသေးတဲ့ အချက်တွေ တွေ ရှိသေးတယ်လို့ အီရန် လွှတ်တော် ဥက္ကဋ္ဌက ပြောလိုက်ပါတယ်။

အီရန် လွှတ်တော် ဥက္ကဋ္ဌက ထုတ်မကစားရသေးတဲ့ ဖဲချပ်အသစ်တွေ ရှိသေးတယ်လို့ ပြောဆိုထားပြီး သူ ဘာကိုဆိုလိုသလဲ ဆိုတာ အသေအချာမသိရပေမယ့် လက်နက် အသစ်တွေ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ဧပြီ ၂၂ ရက်မှာ သက်တမ်းကုန်တော့မှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က သဘောတူညီမှု သက်တမ်းတိုးရေး မဖြစ်နိုင်ခြေများတယ်လို့ ပြောပါတယ်။

အီရန်နဲ့ နောက်တကျော့ ဆွေးနွေးဖို့ အတွက် အမေရိကန် သမ္မတ ဂျေဒီ ဗန့်ဇ် ဧပြီ ၂၁ ရက် ပါကစ္စတန်သို့ သွားမှာ ဖြစ်ကြောင်း အမေရိကန် မီဒီယာတွေက ဖော်ပြထားပါတယ်။

ဒါပေမဲ့ အစ္စလာမာဘက်မြို့မှာ ကျင်းပမယ့် ဆွေးနွေးပွဲတွေဆီ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မှာလား ဆိုတာကို အီရန်က အတည်မပြုသေးပါဘူး။

အစ္စလာမာဘက်မြို့ လမ်းမတွေမှာ လုံခြုံရေး ဂိတ်တွေရှိနေဆဲ ဖြစ်ပြီး လမ်းမတလျှောက်မှာလည်း ဆွေးနွေးပွဲ လက်ခံကျင်းပမယ့် ကြော်ညာချက်တွေ ချိတ်ဆွဲထားဆဲ ဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဒါပေမဲ့ မသေချာ မရေရာမှုတွေ အများကြီး ရှိနေဆဲ ဖြစ်တယ်လို့ အစ္စလာမာဘက်မြို့ရှိ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

တီဟီရန်မှာတော့ အမေရိကန်နဲ့ ဆွေးနွေးမှုတွေဟာ အီရန် မလိုက်လျောနိုင်တဲ့ တောင်းဆိုမှုတွေနဲ့ပဲ အဆုံးသတ်လိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

အမေရိကန်က လွန်ကဲတဲ့၊ တရားမဝင်တဲ့ တောင်းဆိုမှုတွေ ပြုလုပ်နေတယ်လို့ အီရန်က စွပ်စွဲထားပါတယ်။

ဒီအတောအတွင်း အီရန် ထိပ်တန်း ဗိုလ်မှူးချုပ် အဒူလာဟီက ထရန့်ဟာ လိမ်လည် ပြောဆိုနေပြီး အီရန်နဲ့ သဘောတူညီမှု တစ်ရပ် အသည်းအသန် လိုချင်နေတယ်လို့ ပြောထားပါတယ်။

အီရန် စစ်ပွဲအတွင်း မိမိတို့ အောင်ပွဲအများကြီး ရရှိနေပြီး အီရန်က သဘောတူညီမှု တစ်ရပ် အသည်းအသန် လိုချင်နေပြီလို့ ထရန့်က စောစောပိုင်းက ပြောဆိုထားတာပါ။

အီရန်မှာ ကန့်လန့်ကာနောက်ကွယ်က နိုင်ငံရေး တင်းမာမှုတွေ ရှိနေပြီး သဘောထားတင်းမာသူတွေက သံတမန်ရေး မဆွေးနွေးဘဲ အမေရိကန်ကို ပြန်လည် တိုက်ခိုက်ရေး ညှိနှိုင်းရေးမှူးတွေကို ဖိအားပေးနေတယ်လို့ တီဟီရန်ရှိ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်လာနိုင်ခြေကို ကုန်သည်တွေ စောင့်ကြည့်နေချိန် ကမ္ဘာ့ ရေနံဈေး ၁ ဒသမ ၆ ရာခိုင်နှုန်း ပြန်လည် လျော့ကျလာပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.