ကျောက်ကြီး၊ ဧပြီ ၂၂

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် တုံးတံတားဂိတ်မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်း တပ်သား ခုနှစ်ဦး လက်နက်ချ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဧပြီ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လက်နက်ချ အလင်းဝင်လာတဲ့ တပ်သား ခုနှစ်ဦးဟာ တပ်သား ရဲထက်ဦး၊ တပ်သား တင်မျိုးလွင်၊ တပ်သား ရဲမင်းထွန်း၊ တပ်သား နိုင်းဝမ်း၊ တပ်သား ရန်ကျော်ဦး၊ တပ်သား အောင်ထွန်းနဲ့ တပ်သား ဝင်းထွန်းဦးတို့ ဖြစ်ပါတယ်။

လက်နက်ချ အလင်းဝင်လာတဲ့ တပ်သားတွေဟာ စစ်ကော်မရှင်ရဲ့ အမှတ် ၃၅၁ ခြေမြန်တပ်ရင်းက ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း တပ်သားတွေ ဖြစ်ပါတယ်။

သူတို့ ခုနှစ်ဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၉) ထံ လက်နက်ချအလင်းဝင်ပြီး ဘက်ပြောင်း ခိုလှုံလာခဲ့တာပါ။

အလင်းဝင်ဘက်ပြောင်းခိုလှုံလာတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားတွေဟာ သူတိုဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရကာ ရှေ့တန်းနယ်မြေသို့ ပို့ဆောင်ခံရတဲ့ တပ်သားတွေ ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ကလည်း ပဲခူးတိုင်း မုန်းမြို့နယ် ဆိပ်ကြီးဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က တပ်သား တစ်ဦးဟာ KNLA တပ်ရင်း ၈ ထံ လက်နက်ချ အလင်းဝင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.