April 2, 2026

စစ်အာဏာသိမ်း (၁၈၈၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၉၆၂) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ၃ AAPP ရဲ့ ဧပြီ၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၈၇) ရက်အတွင်း ပြည်သူ (၇၉၆၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၇၅၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၅၀၆)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ပဋိညာဉ် ပြဋ္ဌာန်းချက်တွေနဲ့ တာဝန်တွေကို ကတိတည်စွာ လိုက်နာကြဖို့ NUCC တိုက်တွန်း

မော်လမြိုင် ၊ ဧပြီ ၃ NUG ၊ CRPH နဲ့ အဖွဲ့ဝင်အဖွဲ့အစည်းတွေ အပါအဝင် အင်အားစုအသီးသီးအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ပြဋ္ဌာန်းချက်တွေနဲ့ ပေးအပ်ထားတဲ့ တာဝန်တွေကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ NUCC က တိုက်တွန်းပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အားအင်နဲ့ ၂၀၀၈ စစ်ကျွန်အခြေခံဥပဒေကို ဖျက်သိမ်းကာ နိုင်ငံရေးအင်အားစုပေါင်းစုံ ပါဝင်ရေးဆွဲခဲ့ကြတဲ့…

မွန်ပြည်နယ် လွှတ်တော်ရေးရာ ကော်မတီတွေကို ကြံ့ခိုင်ရေးပါတီ ဦးဆောင်

မော်လမြိုင် ၊ ဧပြီ ၃ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့အထိ ဖွဲ့စည်းထားတဲ့ လွှတ်တော် ရေးရာ ကော်မတီတွေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ ဦးဆောင်ပါတယ်။ ဧပြီ ၂ ရက်နေ့အထိ မွန်ပြည်နယ် လွှတ်တော်မှာ လွှတ်တော် ရေးရာကော်မတီ သုံးခု ဖွဲ့စည်းထားပြီး အဲဒီကော်မတီရဲ့ ဥက္ကဋ္ဌ နေရာတွေကို…

ဘီးလင်းမြို့နယ် လေးကေရွာ လေကြောင်းဗုံးကြဲခံရ

ဘီးလင်း၊ ဧပြီ ၃ မွန်ပြည်နယ် ဘီးလင်းမြို့နယ် လေးကေကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲသွားတယ်လို့ ကရက်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံကနေ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဧပြီ ၁ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်မှာ ဂျက်ဖိုက်တာ လေယာဉ် တစ်စီးနဲ့ လေးကေရွာကို လေကြောင်းကနေ ဗုံး လေးဗုံး လာရောက်ကြဲချသွားတာပါ။ လေကြောင်းဗုံးကြဲမှုကြောင့်…

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး လူလိုက်ပါတဲ့ လခရီးစဉ်အတွက် အာကာသယာဉ်မှူး လေးဦး စေလွှတ်

ကန်နာဗာရယ် အငူ၊ ဧပြီ ၂ နာဆာရဲ့ NASA’s Artemis ခရီးစဉ်အတွက် ဖလော်ရီဒါပြည်နယ်ကနေ အာကာသယာဉ်မှူး လေးဦး ဧပြီ ၁ ရက်နေ့က ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဒါက တရုတ်နဲ့ ယှဉ်ပြိုင်မှုအတွင်း အခုဆယ်စုနှစ် နောက်ပိုင်း လမျက်နှာပြင်ပေါ်သို့ လူသားတွေ ပြန်လည် စေလွှတ်ဖို့ အမေရိကန်က အရဲတင်းဆုံး ကြိုးပမ်းလိုက်တာ ဖြစ်ပါတယ်။ နာဆာရဲ့…

နိုင်ငံ့စီးပွားရေး စစ်မက်ကာလ ခြေကုန်လက်ပမ်းကျတဲ့ အနေအထား ဖြစ်နေတယ်လို့ တောင်ကိုရီးယား သမ္မတ ပြော

ဆိုးလ်၊ ဧပြီ ၂ အီရန် စစ်ပွဲကြောင့် နိုင်ငံ့ စီးပွားရေးဟာ စစ်မက်ကာလ ခြေကုန်လက်ပမ်းကျတဲ့ အနေအထား ဖြစ်နေတယ်လို့ တောင်ကိုရီးယား သမ္မတ လီဂျေးမြောင်က ဧပြီ ၂ ရက်မှာ ပြောလိုက်ပါတယ်။ အဲဒီ ပြဿနာကို တိုက်ဖျက်ရေး တောင်ကိုရီးယား အစိုးရက ဖြည့်စွက် ဘက်ဂျက် ဒေါ်လာ ၁၇ ဒသမ ၂ ဘီလီယံ…

သံတွဲ စစ်တပ်ဗုံးကြဲမှု မိသားစု လေးဦးစလုံး သေဆုံးပြီး သုံးဦး ဒဏ်ရာရ

သံတွဲ၊ ဧပြီ ၂ ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ် နှစ်ဦးအပါအဝင် မိသားစု လေးဦးစလုံး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ဧပြီ ၁ ရက်နေ့ နေ့လည် ၁၁ နာရီ ၁၁ မိနစ်ကနေ ၁၁ နာရီ…

အီရန် စစ်ပွဲ ဦးတည်ချက် ပြီးမြောက်ခါနီးပြီလို့ ထရန့် ပြော

ဝါရှင်တန်၊ ဧပြီ ၂ ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ အိမ်ဖြူတော် မိန့်ခွန်းအတွင်း သမ္မတ ဒေါ်နယ် ထရန့်က အီရန်မှာ အမေရိကန်ရဲ့ စစ်ရေးဦးတည်ချက်တွေ ပြီးမြောက်ခါနီးနေပြီ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။ မိနစ် ၂၀ သာသာ ပြောကြားသွားတဲ့ မိန့်ခွန်းအတွင်း ဟောမု့ဇ် ရေလက်ကြား လုံခြုံရေး သတ္တိ တည်ဆောက်ပြီး လုပ်ဆောင်ကြဖို့လည်း ထရန့်က တိုက်တွန်းထားပါတယ်။ အဲဒီ…

၂ နှစ်ကျော် ပိတ်ထားတဲ့ မြဝတီ အာရှလမ်း စစ်ကော်မရှင် ပြန်ဖွင့်

မြဝတီ၊ ဧပြီ ၂ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါပြီး တိုက်ပွဲကြောင့် ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့ ကော့ကရိတ်-မြဝတီအာရှလမ်းကို စစ်ကော်မရှင်က ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ အိမ်စီးကား၊ ဆိုင်ကယ်တွေ ရာနဲ့ချီ ဖြတ်သန်းသွားလာနေကြပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၂ ရက်နေ့ မနက်အစောပိုင်းက မြဝတီ-ကော့ကရိတ် အာရှလမ်းဖွင့်ပွဲကို စစ်ကော်မရှင်က ဘားအံမြို့နယ် တံတာဦးကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး မြဝတီမြို့နယ်…

ဖိလစ်ပိုင် အလံထောင်ထားတဲ့ သင်္ဘောတွေ ဖြတ်သန်းခွင့်ရရေး အီရန်နဲ့ ဆွေးနွေး

မနီလာ၊ ဧပြီ ၂ ဖိလစ်ပိုင်ကို ရန်သူမဟုတ်တဲ့ နိုင်ငံအဖြစ် တရားဝင် သတ်မှတ်ဖို့နဲ့ ဖိလစ်ပိုင် အလံစိုက်ထူထားတဲ့ သင်္ဘောတွေနဲ့ ရေနံတင် သင်္ဘောတွေကို ဘေးကင်းစွာ ဖြတ်သန်းခွင့်ပြုရေး ဖိလစ်ပိုင်က အီရန်ကို တောင်းဆိုထားပါတယ်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုနဲ့ စွမ်းအင်ဝန်ကြီး ရှာရွမ် ဂါရင်တို့ ဧပြီ ၁ ရက်က ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ…