ကန်နာဗာရယ် အငူ၊ ဧပြီ ၂
နာဆာရဲ့ NASA’s Artemis ခရီးစဉ်အတွက် ဖလော်ရီဒါပြည်နယ်ကနေ အာကာသယာဉ်မှူး လေးဦး ဧပြီ ၁ ရက်နေ့က ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ဒါက တရုတ်နဲ့ ယှဉ်ပြိုင်မှုအတွင်း အခုဆယ်စုနှစ် နောက်ပိုင်း လမျက်နှာပြင်ပေါ်သို့ လူသားတွေ ပြန်လည် စေလွှတ်ဖို့ အမေရိကန်က အရဲတင်းဆုံး ကြိုးပမ်းလိုက်တာ ဖြစ်ပါတယ်။
နာဆာရဲ့ အာကာသ လွှတ်တင်ရေး စနစ် (SLS) ဒုံးပျံယာဉ်နဲ့ Orion အာကာသယာဉ်ကို ချိတ်ဆက်ထားပြီး ဖလော်ရီဒါပြည်နယ် ကန်နာဗာရယ် အငူရှိ ကနေဒီ အာကာသ စင်တာကနေ နေမဝင်ခင် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် အာကာသယာဉ်မှူး သုံးဦးနဲ့ ကနေဒါ အာကာသယာဉ်မှူး တစ်ဦး ပါဝင်တဲ့ ပထမဆုံး အမှုထမ်းတွေကို တင်ဆောင်သွားတဲ့ အဲဒီ ဒုံးပျံယာဉ်နဲ့ အာကာသယာဉ်ဟာ ကမ္ဘာဂြိုဟ် ပတ်လမ်းထဲ ဝင်ရောက်သွားပြီ ဖြစ်ပါတယ်။
အဲဒီ အာကာသယာဉ်ဟာ ၃၂ ထပ်ရှိ အဆောက်အဦ တစ်ခုလောက် မြင့်မားပြီး ရှင်းလင်းနေတဲ့ ကောင်းကင်ထဲကို အသံအကျယ်ကြီးပြည်ပြီး ပျံတက်သွားခဲ့တာပါ။
နာဆာ အုပ်ချုပ်ရေးမှူး ဂျာရက် အီဆက်မန်းက လပေါ်မှာ အခြေစိုက်စခန်း တည်ဆောက်မယ့် ခရီးစဉ် အပါအဝင် အနာဂတ် ခရီးစဉ်တွေအတွက် အခု ခရီးစဉ်ဟာ အဖွင့်ခရီးစဉ် ဖြစ်တယ်လို့ ပြောပါတယ်။
အခု ခရီးစဉ်ဟာ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာခဲ့မယ်ဆိုရင် နာဆာ အာကာသယာဉ်မှူးတွေ ဖြစ်တဲ့ ရိတ် ဝိုက်စ်မန်း၊ ဗစ်တာ ဂလိုဗာ၊ ခရစ်စတီနာ ကော့ရှ်နဲ့ ကနေဒါ အာကာသယာဉ်မှူး ဂျရမီ ဟန်ဆန်တို့ လကို ပတ်ပျံသန်းပြီး ၁၀ ရက်နီးပါး အကြာမှာ ပြန်လာမှာ ဖြစ်ပါတယ်။
လူသားတွေ တစ်ခါမှ မသွားဖူးသေးတဲ့ အာကာသ နက်နက်ထဲကို သွားရောက်ဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
အဲဒီ ခရီးစဉ်ဟာ နာဆာရဲ့ စစ်အေးခေတ် Apollo အာကာသယာဉ်နေရာမှာ အစားထိုးထားတဲ့ Artemis အာကာသယာဉ် စီမံကိန်းအတွက် ပထမဆုံး လူလိုက်ပါတဲ့ စမ်းသပ် ခရီးစဉ် ဖြစ်ပါတယ်။
လအနီးအနားသို့ ကမ္ဘာ့ဂြိုဟ်ပတ်လမ်း အပြင်ဖက်သို့ ၅၃ နှစ်အတွင်း အာကာသယာဉ်မှူးတွေကို ကမ္ဘာပေါ်မှာ ပထမဆုံး စေလွှတ်တာ ဖြစ်ပါတယ်။
လပေါ်မှာ အာကာသယာဉ်မှူးတွေ နောက်ဆုံး လမ်းလျှောက်ခဲ့တာက ၁၉၇၂ ခုနှစ်က အမေရိကန်ရဲ့ နောက်ဆုံး Apollo ခရီးစဉ်တုန်းက ဖြစ်ပါတယ်။
Ref:BBC

