January 5, 2026

စစ်အာဏာသိမ်း (၁၈၀၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၄၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၆ AAPP ရဲ့ ဇန်နဝါရီ ၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၀၀) ရက်အတွင်း ပြည်သူ (၇၆၄၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၂၂၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၃၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ဗင်နီဇွဲလားသမ္မတကိုဖမ်းသလို စစ်ခေါင်းဆောင်ကိုလည်း ဖမ်းပေးဖို့ မြန်မာပြည်သူတွေ ဆန္ဒပြင်းပြနေ

ရန်ကုန် ၊ ဇန်နဝါရီ ၆ ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီးခေါ်ဆောင်သွားသလိုမျိုး အာ ဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ဖမ်းဆီးပေးဖို့ မြန်မာပြည်သူတွေ ဆန္ဒပြင်းပြစွာ တောင်းဆိုနေကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ Facebook စာမျက်နှာကနေ ဖော်ပြထားတဲ့ လွတ်လပ်ရေးနေ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုရဲ့ ကြေညာချက်ပိုစ့်အောက်မှာ ပြည်သူတွေက သူတို့ရဲ့…

မော်လမြိုင်အခြေစိုက် ရတခ လက်အောက်ခံတပ်တွေ လှိုင်းဘွဲနဲ့ ဖာပွန်သို့ ပို့ဆောင်ခံရ

မော်လမြိုင်၊ ဇန်နဝါရီ ၆ မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့တွေကို စစ်ကော်မရှင်က ရွေးကောက်ပွဲအပိုင်း ၂ မှာ ပါဝင်တဲ့ မြို့တွေဖြစ်ကြတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲနဲ့ဖာပွန်မြို့ နယ်သို့ ပို့ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီလအစောပိုင်းရက်တွေကစပြီး ကရင်ပြည်နယ် ဘားအံမြို့၊ လှိုင်းဘွဲမြို့နယ်နဲ့ ဖာပွန်မြို့နယ် ကမမောင်းမြို့တွေဆီ စစ်ကော်မရှင်တပ်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေကို ပို့ဆောင်နေပြီး…

ဘီးလင်းမှာ စစ်ကော်မရှင်တပ် အင်အားရာချီထပ်တိုးချ

ဘီးလင်း၊ ဇန်နဝါရီ ၆ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပဖို့ ရှိနေတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်ဘက်က တပ်အင်အား ရာချီ ထပ်တိုးချထားတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခုနှစ်ဆန်းပိုင်းကစလို့ နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲတွေကြောင့် စစ်ကော်မရှင်တပ်ဟာ ရန်ကုန်…

နိုင်ငံတွေက ကမ္ဘာ့တရားသူကြီးလို လုပ်ဆောင်နေတာကို လက်မခံနိုင်ဘူးလို့ တရုတ် ပြော

ဘေဂျင်း၊ ဇန်နဝါရီ ၅ ဗင်နီဇွဲလား သမ္မတ မာဒူရိုကို အမေရိကန်က ဖမ်းဆီးလိုက်ပြီးနောက် ဘယ်နိုင်ငံကမဆို ကမ္ဘာ့ တရားသူကြီးလို လုပ်ဆောင်နေတာကို မိမိတို့ လက်မခံနိုင်ဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇန်နဝါရီ ၄ ရက်မှာ ပြောလိုက်ပါတယ်။ နိုင်ငံတစ်နိုင်ငံက သူတို့ဟာ ကမ္ဘာ့ တရားသူကြီးပါလို့ ပြောဆိုတာမျိုး ဒါမှမဟုတ် ကမ္ဘာ့ရဲတပ်ဖွဲ့လို လုပ်ဆောင်နေတာမျိုးကို မိမိတို့…

ဗင်နီဇွဲလား ယာယီသမ္မတက ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ကို ကမ်းလှမ်း

ကာရာကတ်စ်၊ ဝါရှင်တန်၊ ဇန်နဝါရီ ၅ ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွတ်ဇ်အနေနဲ့ မှန်တဲ့အရာကို မလုပ်ရင် မာဒူရိုထက်ပို ကြီးမားတဲ့ ပေးဆပ်ရမှုမျိုးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သမ္မတ ထရန့်က ခြိမ်းခြောက်လိုက်ပြီးနောက် သူက အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းထားပါတယ်။ ဇန်နဝါရီ ၅ရက် ကျမ်းသစ္စာ ကျိန်ဆိုမယ့် မစ္စစ် ရိုဒရီဂွတ်ဇ်က သူ့ရဲ့ ပထမဆုံး အစိုးရအဖွဲ့အစည်းအဝေးမှာ…

မွန်မှာ အကျဉ်းသား ၅၀၀ ကျော် ပြန်လွတ်၊ နိုင်ကျဉ်း မပါ

မော်လမြိုင်၊ ဇန်နဝါရီ ၅ မွန်ပြည်နယ်မှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကော်မရှင်က အကျဉ်းသား ၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ပါဝင်မှု မရှိဘူးလို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ မနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်ရှိ အကျဉ်းထောင်၊…

တစ်နှစ်အတွင်း စစ်တပ်အင်အား တစ်သောင်းနီးပါး ပြုန်းတီးခဲ့တယ်လို့ NUG ပြော

မော်လမြိုင်၊ ဇန်နဝါရီ ၅ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း နှစ်ဖက်တိုက်ပွဲပေါင်း ၇၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း အာဏာသိမ်း စစ်တပ်အင်အား တစ်သောင်းနီးပါး ပြုန်းတီးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာရဲ့ ဖော်ပြချက်ကို ကိုးကာပြီး NUG အစိုးရက အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။…

မာဒူရို ဖမ်းဆီးခံရပြီးနောက် ကုလသမဂ္ဂက အရေးယူဆောင်ရွက်ပေးဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ တိုက်တွန်း

နယူးယောက် ဇန်နဝါရီ ၅ အမေရိကန်က ဗင်နီဇွဲလားကို တိုက်ခိုက်ပြီး သမ္မတ နီကိုလာ့စ် မာဒူရိုနဲ့ ဇနီးကို ဖမ်းဆီးလိုက်ပြီးနောက် ကမ္ဘာ့ ခေါင်းဆောင်တွေက ကုလသမဂ္ဂအနေနဲ့ အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်ရဲ့လုပ်ရပ်ကို ဆန့်ကျင်တဲ့ နိုင်ငံတွေထဲမှာ မက္ကစီကို၊ ကျူးဘား၊ ဘရာဇီး၊ ကိုလံဘီယာ၊ တရုတ်၊ အီရန်နဲ့ ရုရှားနိုင်ငံတို့ ပါဝင်ပါတယ်။ ကိုလံဘီယာသမ္မတ ဂတ်စတာဗို ပက်ထရိုက…

ခြိမ်းခြောက်နေတာတွေ ရပ်တန့်ဖို့ ထရန့်ကို ဒိန်းမတ် ဝန်ကြီးချုပ် တိုက်တွန်း

ကိုပင်ဟေဂင်၊ ဇန်နဝါရီ ၅ ဒိန်းမတ်နိုင်ငံပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်းကို သိမ်းယူမယ်လို့ ပြောကြားပြီး ခြိမ်းခြောက်နေမှုတွေ ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ကို ဒိန်းမတ် ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်က ဂရင်းလန်းကို သိမ်းယူဖို့လိုအပ်ကြောင်း ပြောဆိုတာ လုံးဝ အဓိပ္ပါယ်မရှိကြောင်းနဲ့ ဒိန်းမတ် နိုင်ငံတော်ထဲရှိ နိုင်ငံသုံးနိုင်ငံကို အမေရိကန်က သူတို့ ပိုင်နက်ထဲ သွပ်သွင်းပိုင်ခွင့် မရှိကြောင်းဝန်ကြီးချုပ်…