ရွေးကောက်ပွဲအပြီး ပွင့်ဖြူမှာ စစ်ကော်မရှင်လက်အောက်ခံတွေက ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ရှိနေ
မကွေး ဇန်နဝါရီ ၁ မကွေးတိုင်း ပွင့်ဖြူမြို့နယ်က စစ်ကော်မရှင်လက်အောက်ခံတွေဟာ ဒေသခံတွေကို ရွေးကောက်ပွဲအပြီး မှာ ဆက်တိုက်ဖမ်းဆီးတာနဲ့ စျေးဝယ်လမ်းကြောင်း ပိတ်ဆို့တာတွေ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲပြီးဆုံးတာဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်ကစလို့ ဒေသခံ ၃၀ ဝန်းကျင်ကို ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့…
