December 2025

ရေးမှာ လင်းဦးပြည်သူ့စစ်အဖွဲ့ရုံး ဝင်တိုက်ခံရပြီး လေးဦး သေဆုံး

ရေး၊ ဒီဇင်ဘာ ၈ မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာရှိ စစ်ကော်မရှင် လက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်တဲ့ လင်းဦးပြည်သူ့စစ်အဖွဲ့ရုံး ဝင်ရောက်တိုက်ခိုက်ခံရကြောင့် လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဒီဇင်ဘာ ၇ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ အာယုတောင်ကျေးရွာရှိ လင်းဦးပြည်သူ့စစ်အဖွဲ့ရုံးနဲ့ ဂိတ်စခန်းနေရာတို့ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့်…

ပြစ်ဒဏ် ကင်းလွတ်ခွင့်ရဖို့ နိုင်ငံရေးက နုတ်ထွက်မှာ မဟုတ်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ပြော

ဂျေရုစလင်၊ ဒီဇင်ဘာ ၈ အကျင့်ပျက်ခြစားမှုနဲ့ နှစ်များစွာကြာ ရင်ဆိုင်နေရာတဲ့ အမှုအတွင်း သမ္မတက ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးခဲ့မယ်ဆိုရင်လည်း မိမိအနေနဲ့ နိုင်ငံရေးက နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဒီဇင်ဘာ ၇ ရက်မှာ ပြောလိုက်ပါတယ်။ ပြစ်ဒဏ် ကင်းလွတ်ခွင့် ရရှိရင် နိုင်ငံရေး လောကကနေ အနားယူသွားမှာလားလို့ သတင်းထောက် တစ်ယောက်က မေးမြန်းချိန်မှာ…

ကမ္ဘောဒီးယား နယ်စပ်တလျှောက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းပြော

ဘန်ကောက်၊ ဒီဇင်ဘာ ၈ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်တယ်လို့ နှစ်နိုင်ငံ အပြန်အလှန် စွပ်စွဲခဲ့ကြပြီးနောက် ကမ္ဘောဒီးယားနဲ့ အငြင်းပွားနေတဲ့ နယ်စပ်တလျှောက်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ဒီဇင်ဘာ ၈ ရက်မှာ ပြောပါတယ်။ ကမ္ဘောဒီးယားက စတင် ပစ်ခတ်ပြီးနောက် အရှေ့ဖက်စွန်း…

မွန်ပြည်နယ်ရဲ့ ၃၀ ရာခိုင်နှုန်းနီးပါးကို စစ်ကော်မရှင် ရွေးကောက်ပွဲ မကျင်းပနိုင်

မော်လမြိုင် ၊ ဒီဇင်ဘာ ၇ အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်မှာ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးရတဲ့ မြို့နယ်တွေ မရှိခဲ့ပေမယ့် အခုကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာတော့ နယ်မြေကွက်ပြီး ရွေးကောက်ပွဲကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ မွန်ပြည်နယ်က မြို့နယ် ၇ ခုမှာ အပြည့်အဝ မကျင်းပနိုင်ကြောင်း…

မင်းလက်ပံ ကျားဖြန့်စခန်း ကိုင်တွယ်ဖို့ KNLA ကို KNU အာဏာအပ်နှင်း

မြဝတီ၊ ဒီဇင်ဘာ ၇ မြန်မာနဲ့ ထိုင်းနိုင်ငံ နှစ်ဖက်စလုံးက အရပ်သားပြည်သူတွေအပါအဝင် မင်းလက်ပံဒေသ Shunda Park ခြံဝင်းအတွင်းရှိနေသူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို ဆက်လက်လုပ်ဆောင်ဖို့ အာဏာအပ်နှင်းလိုက်တယ်လို့ KNU ဗဟိုက အသိပေးထုတ်ပြန်ပါတယ်။ မင်းလက်ပံဒေသရှိ Shunda Park အွန်လိုင်းငွေလိမ်ခြံဝင်းထဲကို စစ်ကော်မရှင်တပ်က လက်နက် ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့ပြီး Shunda…

သထုံမှာ လူငယ် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် စစ်သားစုဆောင်းခံရ

သထုံ၊ ဒီဇင်ဘာ ၇ မွန်ပြည်နယ် သထုံမြို့နယ်မှာ တစ်လအတွင်း လူငယ် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်းတပ်သား စုဆောင်းခံလိုက်ရတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယအပတ်ကနေ ဒီဇင်ဘာ ပထမအပတ်ထိ သထုံမြို့နယ်မှာ စစ်ကော်မရှင်တပ်က စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ် ၃၀ ကျော်ကို ဖမ်းဆီးပြီးနောက် စစ်သားစုဆောင်းလိုက်တာလို့ ဆိုပါတယ်။ သထုံမြို့ခံတွေကတော့…

အီးယူ ဦးဆောင်တဲ့ နေတိုး ကာကွယ်ရေးအတွက် အမေရိကန်က ၂၀၂၇ ခုနှစ်ကို နောက်ဆုံးအချိန် သတ်မှတ်

ဝါရှင်တန်၊ ဒီဇင်ဘာ ၆ ထောက်လှမ်းရေးကနေ ဒုံးကျည်တွေအထိ နေတိုးအဖွဲ့ရဲ့သမားရိုးကျ ကာကွယ်ရေး စွမ်းဆောင်မှုတွေကို ၂၀၂၇ ခုနှစ် မတိုင်ခင် ဥရောပ တာဝန်လွှဲပြောင်းယူပေးဖို့ အမေရိကန်က လိုလားကြောင်း ပင်တဂွန် အရာရှိတွေက အခုသီတင်းပတ်အတွင်း ဝါရှင်တန်မှာ သံတမန်တွေကို ပြောလိုက်ပါတယ်။ ဒါက တင်းကြပ်တဲ့ နောက်ဆုံး သတ်မှတ်ချိန် ဖြစ်တာကြောင့် လက်တွေ့မဆန်ဘူးလို့ ဥရောပ အရာရှိ တချို့က…

ဘန်ကောက်မှာ မြန်မာနိုင်ငံသားတချို့ ကြိုတင်မဲပေး

ဘန်ကောက်၊ ဒီဇင်ဘာ ၆ လူအများ ပြစ်တင်ရှုတ်ချထားတဲ့ ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် မဲ ကြိုတင် လက်ခံချိန် ဒီဇင်ဘာ ၆ ရက်က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ မဲပေးသူ ဒါဇင်အနည်းငယ်လောက် ကြိုတင်မဲ ပေးခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်နေပြီး နိုင်ငံနယ်နိမိတ် အတော်များများကို တော်လှန်ရေးတပ်တွေက…

ပုလောမှာ တစညပါတီဥက္ကဋ္ဌ ဖမ်းဆီးစဉ် ပြန်လည်ခုခံလို့ ပစ်ခတ်ခံရပြီးသေဆုံး

ပုလော၊ ဒီဇင်ဘာ ၆ တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာကျေးရွာမှာ ရွေးကောက်ပွဲအတွက် မဲစာရင်းလုပ်နေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌကို ဝင်ရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက် နေ့လည် ၁၂ နာရီအချိန်လောက်က ပုလောမြို့နယ် ကျောက္ကာကျေးရွာမှာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲအတွက်…

ကျားဖြန့်လုပ်ငန်းတွေရှိရာ မင်းလက်ပံဒေသမှာ တိုက်ပွဲပြင်းထန်နေ

မြဝတီ၊ ဒီဇင်ဘာ ၆ ကရင်ပြည်နယ် မြဝတီမြို့နယ်က ကျားဖြန့်လုပ်ငန်းတွေရှိရာ မင်းလက်ပံရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မင်းလက်ပံရွာကို သိမ်းယူနိုင်ရေးအတွက် စစ်ကော်မရှင်တပ်က နိုဝင်ဘာ ၂၁ ရက်နေ့ကစလို့ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာခဲ့တဲ့အတွက် KNLA တော်လှန်ရေးအင်အားစုတို့နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူအသုံးပြုကာ…