စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း မွန်-ကရင်အင်အားစုတွေ လှုပ်ရှားမှု ပြုလုပ်
မော်လမြိုင်၊ ဒီဇင်ဘာ ၂၀ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း မွန်-ကရင်တော်လှန်ရေးအင်အားစုတွေက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကို မွန်-ကရင်တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ၊ ဒူးပလာယာခရိုင် KYO – ကရင်လူငယ်အစည်းအရုံးနဲ့ မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ MSDC တို့က လွတ်မြောက်နယ်မြေ တစ်နေရာမှာ…
