October 23, 2025

စစ်အာဏာသိမ်း (၁၇၂၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၃၉၉) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂၄ AAPP ရဲ့ အောက်တိုဘာ၂၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၂၆) ရက်အတွင်း ပြည်သူ (၇၃၉၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၈၅၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၁၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မဲဆွယ်စည်းရုံးမယ့်နေရက် နီးလာချိန် လုံခြုံရေးတိုးမြှင့်ဖို့ စစ်ကော်မရှင်ပြော

နေပြည်တော် ၊ အောက်တိုဘာ ၂၄ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအတွက် စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးမယ့် နေ့ရက် နီးကပ်လာချိန်မှာ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ဖို့ စစ်ကော်မရှင်ရဲ့ ဝန်ကြီး ချုပ် ဦးညိုစောက သတိပေး ပြောဆိုလိုက်ပါတယ်။ စစ်ကော်ရှင်ရဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်က ရွေးကောက်ပွဲကာလအ တွင်း လုံခြုံရေးကို အလေးထားဖို့ ထည့်သွင်းပြောဆိုခဲ့တယ်လို့ နိုင်ငံပိုင် စစ်တပ်ဝါဒဖြန့် သတင်း…

တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် ရှစ်သောင်းကျော်အထိတိုးလာ

တနင်္သာရီ၊ အောက်တိုဘာ ၂၄ ပွင့်လင်းရာသီရောက်လာတာနဲ့အမျှ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တနင်္သာရီတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်ရသူ ရှစ်သောင်းကျော်အထိ ရှိခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကော်မရှင်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တာ၊ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်မီးရှို့ဖျက်ဆီးတာနဲ့ လေကြောင်းပစ် ခတ်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ…

ကျိုက်ထိုမှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရ

ကျိုက်ထို၊ အောက်တိုဘာ ၂၄ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ ပဲခူးတိုင်း ရွှေကျင်မြို့နယ်အခြေစိုက် အ မှတ် ၅၉၈ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ ဝင်းကံကျေးရွာဘက်ကို လက်နက်ကြီး…

ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမယ့် ထရန်ရဲ့ ကပွဲခန်းမအတွက် အလှူရှင်စာရင်း အိမ်ဖြူတော် ထုတ်ပြန်

ဝါရှင်တန်၊ အောက်တိုဘာ ၂၃ သမ္မတ ဒေါ်နယ် ထရန့် အဆိုပြုထားတဲ့ စတုရန်းပေ ၉၀၀၀၀ အကျယ်ရှိ ကပွဲခန်းမ တည်ဆောက်ရေး ငွေကြေး လှူဒါန်းထားတဲ့ ကုမ္ပဏီကြီးတွေထဲမှာ Apple၊ Amazon၊ Lockheed Martin၊ Microsoft၊ Google၊ Coinbase၊ Comcast နဲ့ Meta ကုမ္ပဏီတို့ ပါဝင်ကြောင်း အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက် အရ…

ပူတင်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် အာဆီယံညီလာခံတက်မှာ မဟုတ်ကြောင်း မလေးရှား အတည်ပြု

ကွာလာလမ်ပူ အောက်တိုဘာ ၂၃ ၄၇ ကြိမ်မြောက် အာဆီယံညီလာခံသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မှာ မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က အတည်ပြုလိုက်ပြီးနောက် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဟော်ခန်းဆွမ်နဲ့ ကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာ ၂၃ ရက် မနက် ၁၁ နာရီ…

ကျိုက်ထိုမှာ စစ်တပ်သတင်းပေးတစ်ဦး ဖမ်းဆီးခံရ

ကျိုက်ထို၊ အောက်တိုဘာ ၂၃ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ဘိန်းကျေးရွာအနီးမှာ စစ်တပ်သတင်ပေး တစ်ဦး ဖမ်းဆီးရမိခဲ့ပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က ကော့ဘိန်းကျေးရွာလမ်းခွဲအနီး “ဟာလာဒိုစီ”ထမင်းဆိုင်မှာ ရှိနေတဲ့ စစ်တပ်သတင်းပေး အသက် ၄၀ အရွယ် ကိုအောင်နိုင်ထွန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြည့်ဖမ်းဆီးခဲ့တာပါ။ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့…

တနင်္သာရီမှာ စစ်ကော်မရှင်တပ်သား နှစ်ဦး PDF ထံ အလင်းဝင်

တနင်္သာရီ၊ အောက်တိုဘာ ၂၃ တနင်္သာရီတိုင်း မြိတ်မြို့နယ်အခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၁၀၃ ခြေလျင်တပ်ရင်းက စစ်မှုထမ်းတပ်သား နှစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မြိတ်မြို့အခြေစိုက် ခလရ ၁၀၃ တပ်ရင်းက စစ်မှုထမ်းတပ်သား နှစ်ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့နဲ့ အောက်တိုဘာ၂ ရက်နေ့မှာ အလင်းဝင်ခဲ့တာပါ။…

စစ်တပ်စစ်ကြောင်း ခလယ်-တံခွန်တိုင်ရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေ

ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၂၃ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာထဲကို စစ်ကော်မရှင်တပ် စစ်ကြောင်း ရောက်ရှိလာပြီး ရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကစပြီး စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာကနေ အဘစ်-ပုလိန်-တံခွန်တိုင်လမ်းအတိုင်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ…

နျူကလီးယား စစ်ရေးလေ့ကျင့်မှု ရုရှား ပြုလုပ်

မော်စကို၊ အောက်တိုဘာ ၂၃ သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဒေါ်နယ် ထရန့်ကြား ဒုတိယမြောက် တွေ့ဆုံ ဆွေးနွေးမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ကြောင်း အမေရိကန်က ကြေညာခဲ့ပြီးနောက် တစ်ရက် အကြာမှာ နျူကလီးယား လက်နက်တွေ ပါဝင်တဲ့ အဓိက စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ ရုရှားက အောက်တိုဘာ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်…