October 15, 2025

စစ်အာဏာသိမ်း (၁၇၁၈) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၃၇၈) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၆ AAPP ရဲ့ အောက်တိုဘာ၁၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၁၈) ရက်အတွင်း ပြည်သူ (၇၃၇၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၈၂၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၀၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်တပ်က NCA ကို ချိုးဖောက်ပြီး ဒေသခံတွေကိုပါ လူသားဒိုင်းအဖြစ် အသုံးချခဲ့တယ်လို့ RICE အဖွဲ့ပြော

ရေး ၊ အောက်တိုဘာ ၁၆ မွန်ပြည်နယ် ရေးမြို့နယ်မှာရှိတဲ့ ရေးဘီလူးအဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုကို ဖြတ်တောက်ဖို့ စစ်တပ်က NCA စာချုပ်ကို ချိုးဖောက်ပြီး ဒေသခံတွေကိုပါ လူသားဒိုင်းအဖြစ် အသုံးချခဲ့တယ်လို့ ရာမညအင်စတီကျူ သုတေသနဌာန RICE အဖွဲ့က ပြောပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို စစ်တပ်က ချိုးဖောက်ပြီး ရေးဘီလူးအဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုကို ဖြတ်တောက်နေတဲ့အပေါ်…

ပြည်တွင်းရွှေဈေး စံချိန်သစ်ထပ်တင်

မော်လမြိုင် ၊ အောက်တိုဘာ ၁၆ ကမ္ဘာ့ရွှေဈေး သမိုင်းတစ်လျှောက် စံချိန်တင် မြင့်တက်လာပြီးနောက် ပြည်တွင်း မီးလင်းအခေါက် ရွှေဈေးကလည်း တစ်ကျပ်သားကို ၈၆ သိန်းဝန်းကျင်အထိ ထိုးတက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီရွှေဈေးနှုန်းဟာ မြန်မာရွှေလောက သမိုင်းတလျှောက်မှာ အမြင့်ဆုံးဈေးနှုန်းဖြစ်ပြီး အာဏာမသိမ်းခင်ကာလနဲ့ နှိုင်းယှဉ်ရင် ရှစ်ဆကျော်အထိ ဈေးနှုန်းကြီးမြင့်လာတာ ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာပထမပတ်အတွင်း…

မြဝတီ-ဝေါလေလမ်းပိုင်း ပြန်လည်စိုးမိုးရေး စစ်ကော်မရှင်တပ် ကြိုးပမ်း

မြဝတီ၊ အောက်တိုဘာ ၁၆ ကရင်ပြည်နယ် မြဝတီမြို့နယ် မြဝတီ-ဝေါလေလမ်းပိုင်းမှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ရှေ့ ဆက်တဖြည်းဖြည်း တိုးလာနေပြီး လက်ရှိမှာ အင်ကြင်းမြိုင်ရွာထဲ ဝင်ရောက်တပ်စွဲနေရာယူထားလိုက်တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ လေးကေကော်မြို့သစ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလပိုင်းကစပြီး စစ်ကော်ရှင်တပ်က ကရင်နယ်ခြားစောင့်တပ် BGF ကူညီပေးမှုနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ KNLA တော်လှန်ရေးအင်အားစုအဖွဲ့တို့နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲလေးကေကော်မြို့က…

အွန်လိုင်း လူလိမ်ဂိုဏ်း ပြန်ပေးဆွဲမှုတွေနဲ့ပတ်သက်လို့ တောင်ကိုရီးယားက ကမ္ဘောဒီးယားသို့ အထူးအဖွဲ့ စေလွှတ်

ဆိုးလ်၊ အောက်တိုဘာ ၁၅ တောင်ကိုရီးယားနိုင်ငံသား ဒါဇင်ပေါင်းများစွာ ပြန်ပေးဆွဲခံရမှုမှာ ပါဝင်တဲ့ အွန်လိုင်း လူလိမ်စင်တာတွေနဲ့ အလုပ်လိမ်လည် ခေါ်ယူမှုတွေကို ဆွေးနွေးဖို့ တောင်ကိုရီးယားက ကမ္ဘောဒီးယားသို့ အောက်တိုဘာ ၁၅ ရက်မှာ အထူးအဖွဲ့ တစ်ဖွဲ့ စေလွှတ်လိုက်ပါတယ်။ ကမ္ဘောဒီယားရှိ အွန်လိုင်း လူလိမ်ဂိုဏ်းတွေမှာ ဖမ်းဆီးခံထားရတဲ့ မိမိတို့ နိုင်ငံသားအားလုံးကို မိခင်နိုင်ငံဆီ ပြန်ခေါ်သွားမယ်လို့ ဆိုးလ်အစိုးရက စောစောပိုင်းက…

မြန်မာနိုင်ငံမှာ လိင်လုပ်သား လုပ်ပေးဖို့ မှောင်ခိုကူးခံရတဲ့ မိန်းကလေး နှစ်ဦး အမှုအတွက် အမျိုးသား တစ်ဦးကို ထိုင်း ဖမ်းဆီး

မဲဆောက်၊ အောက်တိုဘာ ၁၅ မြန်မာနိုင်ငံရှိ ကာရာအိုကေ ဘားတစ်ခုမှာ တရုတ်ဖောက်သည်တွေကိုဝန်ဆောင်မှုပေးဖို့ မိန်းကလေးငယ်နှစ်ဦး လူမှောင်ခိုကူးခံရမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရသူ အသက် ၅၉ နှစ်အရွယ် အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က တက်ခ်ပြည်နယ်မှာ ဖမ်းဆီးလိုက်ပါတယ်။ သံသယရှိသူ အမျိုးသားရဲ့ အမည်ဟာ အန်နီဟုပ် ဖြစ်တယ်လို့ ဖော်ပြထားပြီး နာမည် အပြည့်အစုံကိုတော့ ရဲတပ်ဖွဲ့က ထိန်ချန်ထားပါတယ်။ အသက်…

တရုတ်ရဲ့ မြေရှားသတ္တု ထိန်းချုပ်ထားမှုကို တုံ့ပြန်ရေး အမေရိကန်၊ ဂျီ-၇တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အီးယူ ကြိုးပမ်း

ဟော်ဆန်၊ အောက်တိုဘာ ၁၅ မြေရှားသတ္တု တင်ပို့မှုအပေါ် တရုတ်က ပိုမိုတင်းကြပ်စွာ ထိန်းချုပ်ထားမှုကို တုံ့ပြန်ရေး ဥရောပသမဂ္ဂ (အီးယူ)က အမေရိကန်၊ တခြား ဂျီ-၇ လက်တွဲဖော်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေကြောင်း အီးယူ ကုန်သွယ်ရေး အရာရှိတွေနဲ့ တခြား အရာရှိတွေက အောက်တိုဘာ ၁၄ ရက်က ပြောကြား လိုက်ပါတယ်။ ကမ္ဘာမှာ မြေရှားသတ္တု အများဆုံး…

အာဏာသိမ်းလိုက်ပြီလို့ မာဒါဂတ်စကာ စစ်တပ် ပြော

အန်တာနာနာရီဗို၊ အောက်တိုဘာ ၁၅ အိန္ဒိယသမုဒ္ဒရာထဲရှိ ကျွန်းနိုင်ငံ မာဒါဂတ်စကာမှာ လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ သီတင်းပတ်များစွာကြာ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ အန်ဒရေး ရာဂျိုးလီနာဆီကနေ နိုင်ငံတော် အာဏာကို သိမ်းယူလိုက်ပြီလို့ ထိပ်တန်း စစ်ဖက်ဆိုင်ရာတပ်ဖွဲ့က ပြောလိုက်ပါတယ်။ မိမိတို့ စစ်တပ်အနေနဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းပြီးတော့ နှစ်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးသွားမှာ ဖြစ်ကြောင်း ထိပ်တန်းတပ်ဖွဲ့ CAPSAT…

ထိုင်း-မြန်မာနယ်စပ်က ထီးခီးရွာ ဆက်တိုက်ဗုံးကြဲခံနေရ

ထားဝယ်၊ အောက်တိုဘာ ၁၅ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာတယ်လို့ KNU ဗဟိုထံကနေ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ မနေ့ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း တိုက်ပွဲမရှိဘဲ ထီးခီးကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်နဲ့ လေကြောင်းကနေ ဗုံး ၄ လုံးထက်မနည်း လာရောက်ကြဲချသွားတာ ဖြစ်ပါတယ်။…

သရက်ချောင်းမှာ စစ်ကြောင်းဝင်ပြီးနောက် နေအိမ် ၅၀ ကျော် မီးရှို့ခံရ

သရက်ချောင်း၊ အောက်တိုဘာ ၁၅ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် နေအိမ် ၅၀ ကျော် မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ရာနဲ့ချီတဲ့ နေအိမ်တွေ မွှေနှောက်ခံထားရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ် ရန်တောင်ရွာကတဆင့် ကင်းရှေ့၊ ကျောက်လှေကား၊ မိုးရွှေကုန်းနဲ့စော်ဖျားရွာတို့ကို စစ်ကြောင်းပတ်ထိုးခဲ့တာ ဖြစ်ပါတယ်။ စစ်ကြောင်းဝင်တဲ့…