October 10, 2025

ဘီးလင်းမှာ စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ် ၅ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

ဘီးလင်း၊ အောက်တိုဘာ ၁၀ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၅ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ အောက်တိုဘာ ၉ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲ…

မိုးမိတ်မှာ စစ်တပ်ဗုံးကြဲမှု ကလေးနှစ်ဦးအပါအဝင် ခုနှစ်ဦး သေဆုံး

မိုးကုတ်၊ အောက်တိုဘာ ၁၀ မန္တလေးတိုင်း မိုးမိတ်မြို့နယ် ဝဲဘောင်ကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ မနေ့ အောက်တိုဘာ ၉ ရက် ည ၇ နာရီအချိန်လောက်က ဝဲဘောင်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ လေကြောင်းကနေ ပေါင် ၂၅၀…

စစ်အာဏာသိမ်း (၁၇၁၃) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၃၆၀) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၁ AAPP ရဲ့ အောက်တိုဘာ၁၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၁၃) ရက်အတွင်း ပြည်သူ (၇၃၆၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၈၀၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၀၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

မြန်မာ့အရေး အာဆီယံရပ်တည်ချက် ဘယ်လိုဆက်ရှိနေလဲ

နေပြည်တော် ၊ အောက်တိုဘာ ၁၁ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ အာဆီယံရဲ့ ဦးစားပေးကိစ္စမဟုတ်ဘူးလို့ ပြောထားပေမယ့် လက်ရှိမှာ အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို ပူးပေါင်းပေးသွားမယ်လို့ ထုတ်ပြောလာပါတယ်။ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်နဲ့အတူ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ မြန် မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ အဖွဲ့တွေဟာ အောက်တိုဘာ ၉ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး…

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲ မဲပေးကြဖို့ စစ်ကော်မရှင် ဆော်သြစည်းရုံးမှု ပိုလုပ်လာ

မော်လမြိုင် ၊ အောက်တိုဘာ ၁၁ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွင်း ပြည်သူတွေ မဲပေးကြဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ဆော်သြစည်းရုံးမှု ပိုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင် လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင် ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးကြဖို့အတွက် မဲစာရင်းလာရောက်စစ်ဆေးခိုင်းတာ၊ ပိုစတာစိုက်ထူတာနဲ့ အသံချဲ့စက်နဲ့…

တနင်္သာရီမှာ စစ်တပ်ဗုံးကြဲမှု အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

တနင်္သာရီ၊ အောက်တိုဘာ ၁၁ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၁၀ ရက် မနက် ၉ နာရီခွဲအချိန်လောက်မှာ စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲ တကူကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချခဲ့တဲ့အပြင် စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။…

အိန္ဒိယနဲ့စစ်ပွဲ ထပ်မံ ဖြစ်နိုင်တယ်လို့ ပါကစ္စတန် သတိပေး

အိုရက်ဇိုင်၊ အောက်တိုဘာ ၁၀ နယူးဒေလီဘက်က ထောက်ပံ့ထားတယ်ဆိုတဲ့ အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် မိမိတို့ စစ်သား ၁၁ ဦး သေဆုံးခဲ့ပြီးနောက် ပါကစ္စတန်က အိန္ဒိယနဲ့စစ်ပွဲ ထပ်မံ ဖြစ်ပွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ နိုင်ငံ အနောက်မြောက်ပိုင်း အိုရက်ဇိုင်ဒေသမှာ အောက်တိုဘာ ၈ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အရာရှိ ၂ ဦးအပါအဝင် ပါကစ္စတန်…

KNU နယ်မြေတွေမှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လာ

မြိတ်၊ အောက်တိုဘာ ၁၁ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပိုမိုအရှိန်မြှင့်လာတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ KNU မြိတ်- ထားဝယ်ခရိုင်က ကျေးရွာတွေကို အောက်တိုဘာ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်ထက်မနည်း ပြုလုပ်ထားပါတယ်။ စစ်ကော်မရှင်တပ်ရဲ့…

ဂါဇာ အထူးတပ်ဖွဲ့အတွက် အမေရိကန်က အစ္စရေးသို့ တပ်ဖွဲ့ဝင် ၂၀၀ စေလွှတ်မယ်

ဝါရှင်တန်၊ အောက်တိုဘာ ၁၀ ဂါဇာကမ်းမြောင်ဒေသ အခြေအနေ တည်ငြိမ်စေရေး ကူညီပေးမယ့် အထူးတပ်ဖွဲ့ တစ်ဖွဲ့ဖွဲ့စည်းရေး အမေရိကန်က အစ္စရေးသို့ တပ်ဖွဲ့ဝင် ၂၀၀ စေလွှတ်သွားမှာ ဖြစ်ပေမယ့် ပါလက်စတိုင်း နယ်မြေထဲကို အမေရိကန် တပ်ဖွဲ့ဝင်တွေ ချထားမှာ မဟုတ်ဘူးလို့ အမေရိကန် အရာရှိတွေက အောက်တိုဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။ အမေရိကန်စစ်တပ်ရဲ့ ဗဟိုတပ်မဌာနက အထူးတပ်ဖွဲ့…