ဝါရှင်တန်၊ အောက်တိုဘာ ၁၀

ဂါဇာကမ်းမြောင်ဒေသ အခြေအနေ တည်ငြိမ်စေရေး ကူညီပေးမယ့် အထူးတပ်ဖွဲ့ တစ်ဖွဲ့ဖွဲ့စည်းရေး အမေရိကန်က အစ္စရေးသို့ တပ်ဖွဲ့ဝင် ၂၀၀ စေလွှတ်သွားမှာ ဖြစ်ပေမယ့် ပါလက်စတိုင်း နယ်မြေထဲကို အမေရိကန် တပ်ဖွဲ့ဝင်တွေ ချထားမှာ မဟုတ်ဘူးလို့ အမေရိကန် အရာရှိတွေက အောက်တိုဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။

အမေရိကန်စစ်တပ်ရဲ့ ဗဟိုတပ်မဌာနက အထူးတပ်ဖွဲ့ ဖွဲ့သွားမှာ ဖြစ်ပြီး အရပ်ဖက်-စစ်ဖက် ပူးပေါင်းဆက်ဆံရေး စင်တာ CMCC လို့ ခေါ်ဆိုမှာ ဖြစ်ကြောင်း အမေရိကန် အရာရှိ တစ်ဦးက ဆိုပါတယ်။

CMCC က လုံခြုံရေး အကူအညီနဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီ အပါအဝင် ဂါဇာကမ်းမြောင်ဒေသထဲကို အကူအညီတွေ ရောက်ရှိရေး ကူညီပေးမှာ ဖြစ်ပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ ဂါဇာ အပစ်အခတ်ရပ်စဲမှုကို အစ္စရေးကနေ စောင့်ကြည့်သွားမှာ ဖြစ်ပြီး မြေပြင်မှာ တခြား နိုင်ငံတကာတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ခံ ကယ်ရိုလင်း လီဗစ်က ပြောပါတယ်။

CMCC မှာ အမေရိကန် တပ်ဖွဲ့ဝင်တွေ အဓိက ပါဝင်မှာ ဖြစ်ပေမယ့် အီဂျစ်၊ ကာတာ၊ တူရကီနဲ့ ယူအေအီး စစ်သားတွေလည်း ပါဝင်နိုင်ခြေရှိတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိ နှစ်ဦးက ပြောဆိုထားပါတယ်။

ပူးတွဲ ထိန်းချုပ်ရေး စင်တာအနေနဲ့ တိုက်ပွဲတွေကို ရှောင်ရှားရေး အစ္စရေး တပ်ဖွဲ့ဝင်တွေ တခြား တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဂါဇာကမ်းမြောင်ဒေသထဲကိုတော့ ဘယ်အမေရိကန် တပ်ဖွဲ့ဝင်ကိုမှ စေလွှတ်ဖို့ မရည်ရွယ်ထားဘူးလို့ အရာရှိ တစ်ဦးက ပြောပါတယ်။

ဒီတပ်ဖွဲ့နဲ့အတူ ဒေသတွင်း တင်းမာမှုတွေ လျော့ကျအောင် လုပ်ဆောင်သွားမှာ ဖြစ်ပြီး အစ္စရေးနဲ့ အာရပ်နိုင်ငံတွေကြား ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်ရေး သဘောတူညီချက်တွေ ရရှိနိုင်မယ့် အခြေအနေတွေ ဖန်တီးသွားမယ်လို့ အမေရိကန် အရာရှိတွေက ပြောဆိုထားကြပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.