June 18, 2025

စစ်အာဏာသိမ်း (၁၅၉၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၆၈၀၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၁၉ AAPP ရဲ့ ဇွန်၁၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၅၉၉) ရက်အတွင်း ပြည်သူ (၆၈၀၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၂၉၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၁၅၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ဂင်းနစ်စံချိန်ကနေ လွတ်မြောက်ရေးဆီသို့ ကောက်ရိုးတမျှင်

နေပြည်တော် ၊ ဇွန် ၁၉ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဇွန် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့မှာ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ဗီဒီယို‌ပေါင်း သောင်းနဲ့ချီတဲ့ ဆုတောင်းစကားတွေ Facebook လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာနေပါတယ်။ Suu 80 Birthday Campaign ကနေ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှု ပိုမိုရရှိစေရေး ဂင်းနစ်စံချိန်ချိုးနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀…

မွန်ပြည်နယ်မှာ ကလေးလုပ်သား ပပျောက်အောင် လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီကြုံးဝါး

မော်လမြိုင် ၊ ဇွန် ၁၉ မွန်ပြည်နယ်မှာ ကလေးလုပ်သား ပပျောက်အောင် လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီခန့် မွန် ပြည်နယ် ဥပဒေချုပ်လည်းဖြစ်သလို မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးမြင့်အောင်က ကြုံးဝါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် ဥပဒေချုပ်ရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ် ကလေးအလုပ်သမား…

ကတိုင်တိစခန်း စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထား

ဖာပွန်၊ ဇွန် ၁၉ ကရင်ပြည်နယ် ဖာပွန်ခရိုင် ကတိုင်တိကျေးရွာအတွင်းရှိ KNLA တပ်မဟာ ၅ က သိမ်းယူထားတဲ့ ကတိုင်တိတပ်စခန်းကို ဇွန်လဒုတိယအပတ်လောက်က စစ်ကောင်စီတပ် ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကမမောင်း-ဖာပွန် ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကတိုင်တိစခန်းကို အခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့မှာ…

သင်တန်းသား ရဲဘော်နှစ်ဦးသေဆုံးမှု ရောဂါကြောင့်လို့ ဒေါနစစ်ကြောင်းဖြေရှင်း

ရေး၊ ဇွန် ၁၉ မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် ရေးပြောက်ကျားတပ် YGF က ပြုလုပ်နေတဲ့ အထူးစစ်သင် တန်းမှာ သင်တန်းသား ရဲဘော်နှစ်ဦးသေဆုံးမှုဟာ ရောဂါကြောင့်ဖြစ်တယ်လို့ PDF တပ်မတော် ဒေါနစစ်ကြောင်း စစ်ဆင်ရေးမှူး စောဒါးကိုက သံလွင်တိုင်မ်းကို ပြောပါတယ်။ အဲဒီသင်တန်းသား ရဲဘော် နှစ်ဦးဟာ သင်တန်းဆရာတွေရဲ့ ရိုက်နှက်မှု၊ ကျန်းမာရေးမကောင်းချိန် ဆေးကုသခွင့်မပေးဘဲ သင်တန်းဆက်လက် တက်ရောက်စေတာကြောင့်…

ရေဖြူမှာ စစ်တပ် ယာယီစခန်း တိုက်ခိုက်ခံရတာကြောင့် သုံးဦး သေဆုံး

ရေဖြူ၊ ဇွန် ၁၈ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ပယကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ် တပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။ ကံပေါက်ဒေသ ပယကျေးရွာရှိ ရွှေမိုးညိုဘုရားအနီးမှာ စခန်းချပြီး ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား…

ခွဲထွက် DKBA ဂိတ်ကို KNLA တိုက်ခိုက်၊ တစ်ဦး သေဆုံး နှစ်ဦး ဒဏ်ရာရ

ဘားအံ၊ ဇွန် ၁၈ ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ဖျံရွာနားမှာရှိတဲ့ ဝင်ရောက်တပ်စွဲနေထိုင်တဲ့ ခွဲထွက် DKBA ဂိတ်ကို KNLA တပ်ရင်း ၁ တပ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့ပြီး ခွဲထွက် DKBA တပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ ကော့ဖျံရွာအနီး ကျေးရွာချင်းဆက်လမ်းပေါ်မှာ ဝင်ရောက်နေရာယူတပ်စွဲလာတဲ့ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA…

အီရန် ခြွင်းချက်မရှိ လက်နက်ချဖို့ ထရန့် သတိပေး

ဝါရှင်တန်၊ ဇွန် ၁၈ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က မိမိတို့ရဲ့ သည်းခံနိုင်မှု လျော့နည်းလာနေတာကြောင့် အီရန်အနေနဲ့ ခြွင်းချက်မရှိ လက်နက်ချဖို့ သတိပေးလိုက်ပါတယ်။ ဒါပေမဲ့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို ရှင်းလင်း သုတ်သင်ဖို့ မိမိတို့မှာ အစီအစဉ် မရှိကြောင်းနဲ့ အနည်းဆုံး လောလောဆယ် သုတ်သင်ဖို့ အစီအစဉ်မရှိဘူးလို့ ထရန့်ကပြောပါတယ်။ တီဟီရန်ရှိ…

အစ္စရေးရဲ့ တိုက်ခိုက်မှု တရားမဝင်ဘူးလို့ ရုရှား ပြော

မော်စကို၊ ဇွန် ၁၈ အစ္စရေးက အီရန်ကို ဆက်လက် တိုက်ခိုက်နေမှု တရားမဝင်ဘူးလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၇ ရက်မှာ ပြောကြားပြီး တီဟီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်တဲ့ ပဋိပက္ခအတွက် အဖြေကို သံခင်းတမန်လမ်းကြောင်းကပဲ ရှာဖွေနိုင်လိမ့်မယ်လို့ ပြောပါတယ်။ အီရန်ရဲ့ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်တဲ့ နျူကလီးယား တည်နေရာတွေကို အစ္စရေးက အပြင်အထန်…