In this June 10, 2014 photo, Chit Toke, wearing an oversized green trouser walks in a narrow timber beam hauling a basket of gravel, weighing about 19 kilograms (42 pounds) in Yangon, Myanmar. He receives 35 kyats ($0.037) for hauling a basket full of gravel from a boat to shore, walking a distance of about 30 meters (100 feet). Early every morning, 11-year-old Chit Toke wakes up in the small bamboo shack where his family lives besides a creek. He pulls on oversized green trousers, part of a cast-off school uniform, and walks over to the riverside where boats and barges are docked to unload gravel to supply the booming construction industry in Yangon, Myanmar's biggest city and commercial capital. (AP Photo/Gemunu Amarasinghe)

မော်လမြိုင် ၊ ဇွန် ၁၉

မွန်ပြည်နယ်မှာ ကလေးလုပ်သား ပပျောက်အောင် လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီခန့် မွန် ပြည်နယ် ဥပဒေချုပ်လည်းဖြစ်သလို မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးမြင့်အောင်က ကြုံးဝါးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် ဥပဒေချုပ်ရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ကလေးအလုပ်သမား ပပျောက်ရေးအတွက် နိုင်ငံတော်က ဦးစားပေး စီမံကိန်းနယ်မြေအဖြစ် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ သတ်မှတ် ထားတာကြောင့် မွန်ပြည်နယ်မှာ က လေးအလုပ်သမား ပပျောက်ရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ဌာနဆိုင်ရာတွေကို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးကတော့ စစ်ကောင်စီက ကလေးလုပ်သားပပျောက်အောင် လုပ်ဆောင်မယ်လို့ ပြောပေမယ့် ကလေးလုပ်သားတွေ များပြားလာတာဟာ တိုင်းပြည် ဆင်းရဲမွဲတေမှုတွေကြောင့် လုပ်ငန်းခွင်တွေမှာ ကလေးငယ်တွေ ပုံစံအမျိုးမျိုးနဲ့ ခိုင်းစေခံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကလေးလုပ်သားများလာခြင်းရဲ့ အကြောင်းကတော့ဗျာ လူထုရဲ့ ဆင်းရဲမွဲတေမှုကို အခြေခံပြီးတော့ ကလေးလုပ်သားတွေ များလာတာပေါ့။ ဒါက ပင်မအချက်ပဲပေါ့။ တိုင်းပြည်ရဲ့ အခြေအနေက ဆင်းရဲမွဲတေတယ်။ လူတွေရဲ့ စားဝတ်နေရေး အကျပ်အတည်းတွေ ဆိုက်တယ်။ လုပ်ခဝင်ငွေတွေ နည်းပါးလာတယ်။ မိသားစု စားဝတ်နေရေး အဆင်မပြေတဲ့အခါကျတော့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေပေါ့၊ ကလေးငယ်တွေကို လုပ်ငန်းခွင်ပုံစံအမျိုးမျိုးနဲ့ ခိုင်းစေခံရတာတွေ ဖြစ်လာတာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးအလုပ်သမား ပပျောက်အောင် လုပ်ဆောင်ဖို့အတွက်ဆိုရင် လက်ရှိအချိန်မှာ ဘယ်လိုမှမဖြစ်နိုင်သလို တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုကို လျော့ချနိုင်မှသာပပျောက်ဖို့ မပြောနဲ့ လျော့နည်းအောင်လောက်သာ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

မွန်ပြည်နယ် ဒေသခံတစ်ဦးကလည်း စစ်ကောင်စီက ကလေးအလုပ်သမား ပပျောက်အောင် လုပ်မယ်လို့ ကြွေးကြော်နေပေမယ့် လက်ရှိစီးပွား‌ရေးတွေ အဆင်မပြေတာကြောင့် ကလေးတွေကို ကျောင်းမထားနိုင်ကြတော့ဘဲ အလုပ်ထွက်လုပ်နေကြရတဲ့ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။

“ကလေးလုပ်သား တော်တော်များများကတော့ လက်ဖက်ရည်ဆိုင်တို့ ဘာတို့ အဲဒီနေရာမှာတော့ အများကြီး တွေ့ရပါတယ်။ အကုန်လုံးက စီးပွားရေးကျပ်တည်းတော့ ကျောင်းထားဖို့ နေနေသာသာတောင် ကျောင်းမထားပေးနိုင်ကြဘူးပေါ့။ ဆိုတော့ကာ အကုန်လုံးက အလုပ်ထွက်လုပ်ကြ တစ်အိမ်မှာ အရင်ကဆိုရင် အဖေတစ်ယောက်တည်း ရုန်းကန်ရင်တောင် အကုန်လုံးအိမ်မှုကိစ္စ ဖူလုံတာပေါ့။ အခုက ၅ ယောက်ရှိရင် ၅ ယောက်လုံး ရုန်းကန်တောင် ဝမ်းမမှန်တဲ့ဟာတွေအများကြီးပဲ” လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ ကလေးအလုပ်သမားတွေကို လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ဈေးတွေနဲ့ အခြေခံလုပ်ငန်းတွေမှာ အများဆုံးတွေ့နေရပြီး ကလေးအလုပ်သမားတွေဟာ အသက် အရွယ်ရောက် လုပ်သားတွေထက် လုပ်အားခအနည်းငယ်သာ ပေးရတဲ့အတွက် ခိုင်းစေမှုပိုများလာတာ ဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောကြပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား တစ်သန်းကျော်ရှိတယ်လို့ ဝန်ခံထားပြီး အခုလို ဖြစ်ပေါ် ရတာဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုတွေနဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဖြစ်တယ်လို့ ဇွန် ၁၄ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ကျောင်းမဖွင့်နိုင်တာနဲ့ အခြေခံ ပညာ သင်ကြားမှု မပြီးဆုံးခင် ကျောင်းထွက်နေကြတာတွေက ကလေးအလုပ်သမား ပြဿနာ ဖြေရှင်းတဲ့နေရာမှာ အခက်အခဲ ဖြစ်စေရတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.