November 11, 2023

တရုတ်နဲ့ထိုင်း နှစ်နိုင်ငံစစ်ရေးပူးပေါင်းမှုမြှင့်တင်ဖို့ ဆွေးနွေးနေ

ဘန်ကောက်၊နိုဝင်ဘာ ၁၂ ထိုင်းတော်ဝင်စစ်တပ်ဟာ တရုတ်ရဲ့ စစ်ရေးမိတ်ဖက်တွေနဲ့အတူ စစ်ရေးလေ့လာမှု Exchange အစီအစဉ်တွေ ပူးတွဲကျင်းပနိုင်ဖို့ နဲ့ အာဆီယံဒေသတွင်း အကျိုးစီးပွားတွေအတွက် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့ ဆွေးနွေးနေကြပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ထိုင်းတော်ဝင်စစ်တပ်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ခကြီး ဂျရွန်ချိုင်ဟင်တောင်က တရုတ်ပြည်သူ့ လွှတ်မြောက်ရေးတပ်ရဲ့ တပ်မှူး ဗိုလ်ချုပ် လီချောင်မင်းကို ထိုင်းတော်ဝင်စစ်တပ်ရဲ့ ဧည့်သည်တော်အဖြစ်ကြိုဆိုခဲ့တာပါ။ နှစ်ဘက်စစ်ရေးအကြီးအကဲတွေကတော့ သက်ဆိုင်ရာ…

ရုရှားရဲ့ရေနံနဲ့ ဓာတ်ငွေ့စနစ်တွေကို ယူကရိန်းလက်တုံ့ပြန်တိုက်ခိုက်မယ်

ကိဗ်၊ နိုဝင်ဘာ ၁၂ ရုရှားအနေနဲ့ ဆောင်းရာသီမတိုင်မီ ယူကရိန်းရဲ့လျှပ်စစ်စနစ်တွေကို ထပ်မံပစ်မှတ်ထားပါက ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အဦတွေကို လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ ယူကရိန်းစွမ်းအင်ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ မော်စကိုက ယူကရိန်းရဲ့ မဟာဓာတ်အားလိုင်းတွေကို ဖြိုဖျက်ကာ ပြည်သူတွေကို အမှောင်ထဲနဲ့ အအေးထဲ တွန်းပို့ဖို့ ကြိုးစားနေတာကြောင့် ဒီလိုလက်တုံ့ပြန်မှာဖြစ်တယ်လို့ Politico သတင်းစာကို ဖြေကြားခဲ့တာပါ။ ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို…

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာကုန်သွယ်ရေး ပြတ်တောက်

လားရှိုး၊ နိုဝင်ဘာ ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်သွားပြီ ဖြစ်ပါတယ်။ ရှမ်းမြောက်ပိုင်းမှာ ၂ ပတ်တာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လူ ၅ သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ထိုးစစ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအတွက် အကြီးဆုံး စစ်ရေးစိန်ခေါ်မှုဖြစ်နေတာပါ။ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်သွားတဲ့အတွက်…

ရေစကြိုက စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တိုက်ခိုက်

ရေစကြို – နိုဝင်ဘာ ၁၁ မကွေးတိုင်း၊ရေစကြိုမြို့နယ်က ငြိမ်းဇာနည်စစ်ကောင်စီ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger တပ်ဖွဲ့က သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းကစပြီး စစ်မှုထမ်းဟောင်းရုံးတစ်ခုဖြစ်တဲ့ ငြိမ်းဇာနီ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အလံဖြုတ်သိမ်းနိုင်တဲ့အထိတိုက်ခိုက်နိုင်ခဲ့တာပါ။ “နှစ်ထပ်တိုက်ပါ။ အောက်ထပ်ကိုတော့ သိမ်းပြီးသွားပြီ။ အပေါ်ထပ်ကိုလည်း လေးဆယ်မမ နှစ်လုံးပစ်ပြီးသွားပြီ။…

လွိုင်ကော်မြို့အနီးက စစ်ကောင်စီတပ်စခန်း ၇ ခု တိုက်ခိုက်သိမ်းပိုက်ခံရ

လွိုင်ကော်၊ နိုဝင်ဘာ ၁၁ ကယားပြည်နယ်က လွိုင်ကော်မြို့အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၇ ခုကို တော်လှန်ရေးအင်အားစုတွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ နိုဝင်ဘာ ၁၁ ရက်၊ မနက် ၆ နာရီခွဲခန့်မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီစစ်ဆင်ရေးကို ဆင်နွှဲနေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ မဟာမိတ်ပူးပေါင်တပ်တွေက…

ကယားမှာ စစ်လေယာဉ်တစင်း ပျက်ကျ

ဖရူဆို – နိုဝင်ဘာ ၁၁ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီလေယာဉ်တစင်း ပျက်ကျသွားပြီး လေသူရဲနှစ်ဦး လေထီးခုန်ချမှု ဖြစ်ပွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၁၁ ရက်ညနေ ၅ နာရီဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အရေးပေါ်လေထီးဖွင့် ခုန်ချခဲ့တဲ့ လေသူရဲနှစ်ဦးဟာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်က သူတို့ရဲ့ လေသူရဲနှစ်ဦးကို ရဟတ်ယာဉ်တွေနဲ့ လိုက်လံရှာဖွေတာတွေလုပ်ဆောင်နေတယ်လို့…

လွိုင်ကော် ကားလမ်းမကြီးမှာ ခရီးသွားတာမပြုလုပ်ဖို့ ဒေသတော်လှန်ရေးအဖွဲ့တွေ သတိပေး

လွိုင်ကော်၊ နို၀င်ဘာ ၁၁ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး‌ အခြေအနေတွေအရ လွိုင်ကော်လမ်းမကြီးကို အသုံးမပြုကြဖို့ ဒေသတော်လှန်ရေး အင်အားစုတွေက ဒီနေ့ မနက်ပိုင်းမှာ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။ အခု ဖြစ်ပေါ်နေတဲ့ စစ်‌‌ရေးအ‌‌ခြေအနေအရ လွိုင်ကော် – ဒီမော့ဆို၊ လွိုင်ကော် – မိုးဗြဲနဲ့ လွိုင်ကော် – ဆီဆိုင် လမ်းမကြီးကို အသုံးပြုပြီး…

လောင်းလုံးမှာ အရပ်သားတစ်ဦးနဲ့ PDF တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

လောင်းလုံး၊ နိုဝင်ဘာ ၁၁ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကရင်ကြီးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် အရပ်သားတစ်ဦးနဲ့ PDF ရဲဘော်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံအရပ်သားတစ်ဦးနဲ့ PDF ရဲဘော်တစ်ဦးကို…