လွိုင်ကော်၊ နိုဝင်ဘာ ၁၁

ကယားပြည်နယ်က လွိုင်ကော်မြို့အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၇ ခုကို တော်လှန်ရေးအင်အားစုတွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက်၊ မနက် ၆ နာရီခွဲခန့်မှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီစစ်ဆင်ရေးကို ဆင်နွှဲနေတဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နဲ့ မဟာမိတ်ပူးပေါင်တပ်တွေက လွိုင်ကော်မြို့ အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

အခုလက်ရှိမှာတော့ လွိုင်ကော်၊ ဒီးမော့ဆို၊ နမ့်မယ်ခုံနဲ့ နန့်စံခမ်းတို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၇ ခုကို တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ အခြားတပ်စခန်းတွေကို ထပ်မံသိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.