ဖရူဆို – နိုဝင်ဘာ ၁၁
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီလေယာဉ်တစင်း ပျက်ကျသွားပြီး လေသူရဲနှစ်ဦး လေထီးခုန်ချမှု ဖြစ်ပွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ဒီနေ့ နိုဝင်ဘာလ ၁၁ ရက်ညနေ ၅ နာရီဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အရေးပေါ်လေထီးဖွင့် ခုန်ချခဲ့တဲ့ လေသူရဲနှစ်ဦးဟာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်က သူတို့ရဲ့ လေသူရဲနှစ်ဦးကို ရဟတ်ယာဉ်တွေနဲ့ လိုက်လံရှာဖွေတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဒီနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး ကယားပြည်နယ်(ကရင်နီ)မှာ စခန်းသိမ်းတိုက်ပွဲတွေ စတင်ဆင်နွှဲနေတာဖြစ်ပါတယ်။
ဓာတ်ပုံ- မဇ္ဈိမ စစ်မြေပြင်သတင်းထောက်

