လွိုင်ကော်၊ နို၀င်ဘာ ၁၁
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး အခြေအနေတွေအရ လွိုင်ကော်လမ်းမကြီးကို အသုံးမပြုကြဖို့ ဒေသတော်လှန်ရေး အင်အားစုတွေက ဒီနေ့ မနက်ပိုင်းမှာ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။
အခု ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေအရ လွိုင်ကော် – ဒီမော့ဆို၊ လွိုင်ကော် – မိုးဗြဲနဲ့ လွိုင်ကော် – ဆီဆိုင် လမ်းမကြီးကို အသုံးပြုပြီး ခရီးမသွားလာကြဖို့ မေတ္တာရပ်ခံထားတာပါ။
ဒီနေ့ မနက်ပိုင်းမှာဘဲ အဲဒီနေရာအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်နီ တော်လှန်ရေးအင်အားစုတွေကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။
စစ်ရေးသတင်းတွေကိုလည်း မိဘပြည်သူတွေအနေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားထုတ်ပြန်ခြင်း မပြုလုပ်ကြဖို့နဲ့စစ်ဆင်ရေး ပြီးပြတ်မှာသာ ထုတ်ပြန်ပေးသွားမယ်လို့ KNDF ကမေတ္တာရပ်ခံထားပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-KNDF

