ဘန်ကောက်၊နိုဝင်ဘာ ၁၂

ထိုင်းတော်ဝင်စစ်တပ်ဟာ တရုတ်ရဲ့ စစ်ရေးမိတ်ဖက်တွေနဲ့အတူ စစ်ရေးလေ့လာမှု Exchange အစီအစဉ်တွေ ပူးတွဲကျင်းပနိုင်ဖို့ နဲ့ အာဆီယံဒေသတွင်း အကျိုးစီးပွားတွေအတွက် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့ ဆွေးနွေးနေကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ထိုင်းတော်ဝင်စစ်တပ်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ခကြီး ဂျရွန်ချိုင်ဟင်တောင်က တရုတ်ပြည်သူ့ လွှတ်မြောက်ရေးတပ်ရဲ့ တပ်မှူး ဗိုလ်ချုပ် လီချောင်မင်းကို ထိုင်းတော်ဝင်စစ်တပ်ရဲ့ ဧည့်သည်တော်အဖြစ်ကြိုဆိုခဲ့တာပါ။

နှစ်ဘက်စစ်ရေးအကြီးအကဲတွေကတော့ သက်ဆိုင်ရာ အခြေအနေအားလုံးကို ခြုံငုံနိုင်တဲ့ စစ်ရေးဆိုင်ရာ လေ့လာသင်ကြားရေး Exchange အစီအစဉ်ကို ချဲ့ထွင်နိုင်မယ့် အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တရုတ်-ထိုင်း စစ်ရေးအပြန်အလှန်ဖလှယ်တဲ့ အစီအစဉ်တွေဟာ ချွန်လက် ကျွန်ကလောက်တော်ဝင်စစ်ရေး အကယ်ဒမီ၊ကွပ်ကဲရေးနဲ့ အထွေထွေဝန်ထမ်းကောလိပ်အပြင် အမျိုးသားကာကွယ်ရေးကောလိပ်တွေမှာ သင်ကြားနေကြတာဖြစ်ပါတယ်။

ဒီရက်သတ္တပတ်အစောပိုင်းမှာ ဗိုလ်ချုပ်ကြီး လီဟာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွန်ဝမ်နွန်ဖဲခဒီဆီ သွားရောက်ခဲ့ပြီး ပူးတွဲစစ်ရေး သုတေသနနဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့ကနေ ၉ ရက်နေ့အထိ ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင် ဒေသန္တရမှာ ၂၀၂၃ ခုနှစ် ကာကွယ်ရေးနဲ့ လုံခြုံရေးပွဲကို ကျင်းပခဲ့ပြီး အဲဒီပွဲမှာ ဆိုက်ဘာခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဆောင်ရွက်တဲ့ ခေတ်မီကာကွယ်ရေး နည်းပညာကို တရုတ်နိုင်ငံက ပါဝင်ပြသထားပါတယ်။

Ref – The Nation Thailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.