သတင်း

အီရန် ထောက်ပံ့ထားတဲ့ ဟူသီအဖွဲ့ ဆော်ဒီမြို့ ၄ မြို့ကို တိုက်ခိုက်

တီဟီရန် စက်တင်ဘာ ၈ အီရန်အစိုးရရဲ့ ထောက်ခံမှုရရှိထားတဲ့ ယီမင်နိုင်ငံအခြေစိုက် ဟူသီအဖွဲ့က အမေရိကန်မဟာမိတ် ဆော်ဒီအာရေဘီးယားနိုင်ငံတောင်ပိုင်းက မြို့ ၄ မြို့ကို စက်တင်ဘာ ၈ ရက်မှာ ဒရုန်းနဲ့ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၇၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ရေနံနဲ့ ဆက်စပ်တဲ့ စက်ရုံနေရာတွေမှာ မီးလောင်မှုတွေ…

ရုရှားနဲ့ဆက်သွယ်ထားတဲ့ တံတားသစ် မြောက်ကိုရီးယား ဖွင့်လှစ်

ဆိုးလ်၊ စက်တင်ဘာ ၈ မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံကြား ပထမဆုံး တံတားသစ် ဖွင့်လှစ်လိုက်တာဟာ နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုနီးကပ်လာနေတဲ့ လက်တွေ့ကျတဲ့ သက်သေတစ်ခု ဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၈ ရက်မှာ ဖော်ပြပါတယ်။ တူမန်မြစ်ကို ဖြတ်ပြီး ရုရှားနိုင်ငံဘက်ကို ဆက်သွယ်ထားတဲ့ အဲဒီတံတားဟာ မြောက်ကိုရီးယားအတွက် ရုရှားနဲ့ ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး…

တနင်္သာရီမှာ လူနာတင်ယာဉ် ပစ်ခတ်ခံရလို့ တစ်ဦး သေဆုံး

တနင်္သာရီ၊ စက်တင်ဘာ ၈ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာအနီးမှာ လူနာတင်ယာဉ် ပစ်ခတ်ခံရတာကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦး သေဆုံးသွားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ စက်တင်ဘာ ၇ ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန်မှာ တနင်္သာရီမြို့ကနေ မောတောင်မြို့ဘက်ကို လူနာပို့ပြီး ပြန်လာတဲ့ မောတောင်မြို့အခြေစိုက် သင်္ဂဟမိတ္တ နာရေးကူညီမှုအသင်းပိုင် လူနာတင်ယာဉ် ပစ်ခတ်ခံခဲ့ရတာပါ။…

ပြည်သူ့ပါတီက အမတ် နှစ်ဦး ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၈ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီရဲ့ တနင်္သာရီတိုင်း လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို အမတ်အဖြစ်ကနေ ပယ်ဖျက်လိုက်တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။ စက်တင်ဘာ ၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်အရ ပြည်သူ့ပါတီရဲ့ တနင်္သာရီတိုင်း လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးဖြစ်တဲ့…

ဩဂုတ်လမှာ တရုတ်ရဲ့ ပို့ကုန်၊ သွင်းကုန်ကဏ္ဍ တဟုန်ထိုး မြင့်တက်

ဘေဂျင်း စက်တင်ဘာ ၈ တရုတ်နိုင်ငံရဲ့ ပို့ကုန်နဲ့ သွင်းကုန်တွေဟာ ဩဂုတ်လအတွင်း သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ တရုတ်အကောက်ခွန် အာဏာပိုင်တွေက စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။ ဩဂုတ်လအတွင်း တရုတ်ပို့ကုန်ဟာ ယမန်နှစ်ကာလတူထက် ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဇူလိုင်လက ၂၃ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့တာထက် ပိုမြင့်လာတာဖြစ်ပေမယ့် Bloomberg ရဲ့…

အပြုအမူ မသင့်လျော်တဲ့ နိုင်ငံခြားသားတွေကို ထိုင်းက ဆက်လက်နှင်ထုတ်မည်

ဘန်ကောက်၊ စက်တင်ဘာ ၈ ထိုင်းနိုင်ငံမှာ အပြုအမူမသင့်လျော်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးနိုင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စည်းမျဉ်းအသစ်အရ ပြင်သစ်နိုင်ငံသားတစ်ဦးကို ပြည်နှင်ဒဏ်ပေးသွားမယ်လို့ ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး အနုတင် ချန်ဝီရာကူက စက်တင်ဘာ ၇ ရက်မှာ အတည်ပြုလိုက်ပါတယ်။ အဲဒီပြင်သစ်နိုင်ငံသားဟာ စည်းမျဉ်းအသစ်အရ ထိုင်းနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးခံရမယ့် ဒုတိယမြောက် နိုင်ငံခြားသား ဖြစ်လာမှာပါ။ ပထမဆုံးအနေနဲ့ အစ္စရေးနိုင်ငံသားတစ်ဦးကို အဲဒီစည်းမျဉ်းနဲ့ ပြည်နှင်ဒဏ်ပေးထားပြီး…

စစ်အာဏာသိမ်း (၂၀၄၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၃၅) ဦးထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၇ AAPP ရဲ့ စက်တင်ဘာ ၆ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၄၅) ရက်အတွင်း ပြည်သူ (၈၃၃၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၈၈၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၂၄)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်အစိုးရနဲ့ ဗီယက်နမ်ကြား နယ်ပယ်စုံ ပူးပေါင်းမှုတိုးမြှင့်ဖို့ နှစ်ဘက်စလုံးလိုလား

နေပြည်တော် ၊ စက်တင်ဘာ ၈ အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နိုင်ငံရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေး အပါအဝင် နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၄ ရက်ကနေ ၆ ရက်အထိ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်အစိုးရအဖွဲ့က ဗီယက်နမ်နိုင်ငံကို…

ကျိုက်မရောမှာ ထိုင်းကုန်ကားအစီး ၆၀ နီးပါး ဖမ်းဆီးခံရ

ကျိုက်မရော ၊ စက်တင်ဘာ ၈ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ထိုင်းကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကားအစီး ၆၀ နီးပါးကို အာဏာသိမ်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ကျိုက်မရော-မော်လမြိုင်ကားလမ်းရှိ ကြက်သွန်ကုန်းနဲ့ နတ်စမ်းကျေးရွာကြားမှာ ထိုင်းကုန်ပစ္စည်း တင်ဆောင်လာတဲ့ ကားတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။…

‎သထုံက အရက်ဆိုင်တွေမှာ စစ်တပ်ပေါ်တာဆွဲနေ

သထုံ၊ စက်တင်ဘာ ၈ မွန်ပြည်နယ် သထုံမြို့ပေါ်ရပ်ကွက်တွေရှိ အရက်ပုန်းဆိုင်တွေမှာ အာဏာသိမ်းစစ်တပ်၊ရဲနဲ့ပြည်သူ့စစ်အဖွဲ့တွေက ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ပူးပေါင်းအဖွဲ့တွေဟာ စက်တင်ဘာလဆန်းပိုင်းကစလို့ သထုံမြို့ နန်းခဲ၊ လိပ်အင်းနဲ့ အောက်ကျင်းရပ်ကွက်တို့ရှိ အရက်ပုန်းဆိုင်တွေမှာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်လာပါတယ်။ စက်တင်ဘာ ၅ ရက်နေ့က အောက်ကျင်းရပ်ကွက် အောင်မြေရွေဘုံပိုင်းရှိ အရက်ဆိုင်မှာ…