ရွေးကောက်ပွဲများ

ဘိုင်ဒန်နဲ့ ထရန့်တို့ကို သူတို့ရဲ့ပါတီတွေက ရွေးကောက်ပွဲအတွက် အမည်စာရင်းတင်သွင်းမယ်

ဝါရှင်တန်၊ မတ် ၁၄ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ဟာ သမ္မတရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရေး သူတို့ရဲ့သက်ဆိုင်ရာပါတီတွေက အမည်စာရင်းတင်သွင်းဖို့ လိုအပ်တဲ့ သတ်မှတ်ချက်တွေနဲ့ အားလုံး ကိုက်ညီသွားပြီဖြစ်ကြောင်း CBSသတင်းမှာ ဖော်ပြထားပါတယ်။ မတ် ၁၂ ရက်က သူတို့အတွက် ပါတီတွင်း ရွေးကောက်ပွဲတွေကို ပြည်နယ်လေးခု၊ အမေရိကန်နယ်နိမိတ် တစ်ခုနဲ့ ပြည်ပမှာနေထိုင်တဲ့ ဒီမိုကရက်တို့အတွက်ကျင်းပပေးခဲ့ပါတယ်။ ရလဒ်တွေအရ…

အမေရိကန်သမ္မတရာထူးရဖို့ကြိုးပမ်းမှုကနေ နစ်ကီဟာလေ နုတ်ထွက်

ဝါရှင်တန် ၊ မတ် ၈ နစ်ကီဟာလေးဟာ ရီပတ်ပလစ်ကန် ပါတီရဲ့တစ်ပြေးနေတဲ့ သမ္မတ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ထရန့်ကိုစိန်ခေါ်နေမှုကနေ အဆုံးသတ်လိုက်ပြီဖြစ်တာကြောင့် ရွေးကောက်ပွဲမှာ သမ္မတဟောင်းနဲ့ လက်ရှိသမ္မတတို့သာ အဓိကယှဉ်ပြိုင်ရတော့မှာပါ။ တောင်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး ထရန့်လက်ထက်က ကုလသမဂ္ဂ ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ နစ်ကီဟာလေဟာ ရီပတ်ပလစ်ကန်တို့ရဲ့ သမ္မတလောင်းရွေးချယ်ရေး နေရာ ၁၅ ခုထဲက ၁၄ နေရာမှာ ထရန့်ကို…

တရုတ်နဲ့ အိန္ဒိယ အားပြိုင်နေတဲ့ အပူပိုင်းဒေသ မော်ဒိုက်မှာ ရွေးကောက်ပွဲကျင်းပဖို့ရှိနေ

မော်ဒိုက် – စက်တင်ဘာ(၁၀) အပူပိုင်းဒေသ မော်ဒိုက်အတွက် နောက်လာမယ့် ခေါင်းဆောင်ရွေးချယ်ပွဲကို လူတစ်သန်းရဲ့ သုံးပုံတစ်ပုံကျော်က မဲပေးသွားမှာဖြစ်ပြီး ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ အဲဒီဒေသကို တရုတ်နဲ့ အိန္ဒိယတို့ကြား အားပြိုင်နေတာဖြစ်ပါတယ်။ သမ္မတ အာဘရာဟင်မ် ဆိုလိစ်ဟာ အိန္ဒိယသမုဒ္ဒရာတွင်း ကျွန်းစုဒေသမှာ နောက်ထပ်(၅) နှစ် သက်တမ်းအတွက် အာဏာရယူဖို့ရှိနေပြိး သူလက်ထက်မှာ “India-First” (အိန္ဒိယသာ ပထမ) မူဝါဒကို…

အနောက်နိုင်ငံတွေသာကူညီမယ်ဆိုပါက စစ်ပွဲကာလအတွင်းမှာပင် ရွေးကောက်ပွဲကျင်းပ နိုင်ကြောင်း ယူကရိန်းသမ္မတပြော

ကိဗ်ယက်၊ သြဂုတ်(၂၉) ယူကရိန်းရဲ့ မိတ်ဖက်တွေအနေနဲ့ ကုန်ကျစရိတ်ကိုမျှဝေပြီး ပါလီမန်အမတ်တွေက အတည် ပြုကာ လူတိုင်းမဲ ပေးခွင့်ရှိမယ်ဆိုပါက မဲပေးမှုကို စစ်ပွဲအတွင်းမှာပင်လုပ်နိုင်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးကပြောကြား လိုက်ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် တစ်ဦးက ယူကရိန်းရဲ့ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲကို ကြေညာဖို့ တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတ ဇယ်လန်းစကီးက ဩဂုတ်လ (၂၈) ရက်နေ့မှာ ပြောဆိုခဲ့တာပါ။…

ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ဟွန်ဆန်ရဲ့သားကို ပါလီမန်က ရွေးချယ်အတည်ပြု

ဖနွမ်းပင်၊ သြဂုတ်(၂၃) ကမ္ဘောဒီးယား ပါလီမန်က သြဂုတ်လ ၂၂ ရက်နေ့မှာ ဟွန်ဆန်ရဲ့ အကြီးဆုံးသားဖြစ်သူကို နိုင်ငံရဲ့ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခဲ့ပြီး လွန်ခဲ့တဲ့လအတွင်းကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပြီးမှာပဲ အာဏာလွှဲပြောင်းခဲ့ပါတယ်။ ပါလီမန်အစည်းအဝေးမှာ ဟွန်မနတ်ကို ဝန်ကြီးချုပ်အဖြစ် တညီတညွတ်တည်း ထောက်ခံခဲ့ တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဟွန်ဆန်ရဲ့ပါတီ CPP Cambodian People’s Party ဟာရွေးကောက်ပွဲမှာ…

သမ္မတလောင်းရွေးချယ်မှုမှ ဒေါ်နယ်ထရန့် နုတ်ထွက်ပေးသင့်တယ်လို့ အမေရိကန်အထက်လွှတ် တော် ရီပါဘလစ်ကန်ပါတီဝင်တွေ ပြောကြား

ဝါရှင်တန်၊ သြဂုတ်(၂၂) သမ္မတဟောင်း ဒေါ်နယ်ထရန့်အနေနဲ့ အထွေထွေ ရွေးကောက်ပွဲမှာအနိုင်ရဖို့မရှိနိုင်တဲ့အတွက် ၂၀၂၄ ခုနှစ် သမ္မတလောင်းရွေးချယ်ပွဲမှ နုတ်ထွက်သင့်ကြောင်း ထင်ရှားတဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီ ကန်ပါတီဝင်တွေက ဩဂုတ်လ (၂၀) ရက်နေ့မှာ ပြောခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ သမ္မတဟောင်းရဲ့ ဒုတိယအကြိမ်ရုံးချိန်းမှာ ထရန့်ကို အရေးယူပေးဖို့ မဲခွဲဆုံးဖြတ် ခဲ့တဲ့ အထက် လွှတ်တော် ရီပတ်ဘလီကန်…

ထိုင်းဝန်ကြီးချုပ်ရွေးချယ်ပွဲ ထပ်မံရွှေ့ဆိုင်းခဲ့

ဘန်ကောက် -ဩဂုတ်(၅) ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ရွေးကောက်ပွဲကို ဩဂုတ်လ(၄) ရက်နေ့မှာကျင်းပဖို့ စီစဉ်ထားပေမယ့် ထပ်မံရွှေ့ဆိုင်းလိုက်တဲ့အတွက် အစိုးရသစ်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး မရေရာမှုတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။ ပြီးခဲ့တဲ့ မေလကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ Move Forward ပါတီအနိုင်ရခဲ့ပေမယ့် ပါတီ ခေါင်းဆောင် ဖိထာဟာ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ စစ်တပ် ကြောထောက် နောက်ခံပြုထားတဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင် နေရတာပါ။ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ်…

အစိုးရသစ်ဖွဲ့စည်းရေး ရွေးကောက်ပွဲအနိုင်ရ မဟာမိတ်တွေနဲ့ ပြုလုပ်သွားမယ်လို့ Pheu Thai ပါတီအတည်ပြု

ဘန်ကောက် -ဩဂုတ်(၂) ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ အထက်လွှတ်တော်အမတ်တွေက Move Forward Party (MFP) မပါဝင်တဲ့ အစိုးရအသစ်တစ်ရပ်ဖွဲ့စည်းရေးကိုထောက်ခံပေးသွားမှာဖြစ်တယ်လို့ Pheu Thai ပါတီ ဒုတိယခေါင်းဆောင်က ပြောခဲ့ပါတယ်။ ဖွမ်ထမ်ဝီချရာချိုင်က လာမယ့်ရက်ပိုင်းအတွင်းကျင်းပမယ့် ပါလီမန်နှစ်ရပ်ရဲ့ ပူးတွဲ အစည်း အဝေးမတိုင်ခင် ဆွေးနွေးမှုတွေမှာ အဲဒီပြဿနာကိုဖြေရှင်းသွားမှာဖြစ်တယ်လို့ ဆိုခဲ့တာပါ။ Pheu Thai ပါတီဟာ တခြားပါတီတွေရဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေ၊အထက်လွှတ်တော် အမတ်တွေနဲ့အတူ…

ရွေးကောက်ပွဲအပြီး ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးစနစ်အတွက် အမေရိကန်စိုးရိမ်နေ

ဝါရှင်တန် – ဇူလိုင်(၁၉) ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးနဲ့အနိုင်ရထားတဲ့ ပါတီ ခေါင်းဆောင်ကို မေလ(၁၄) ရက်နေ့က သီးခြားတိုင်ကြားမှု(၂)ခုအပြီးမှာ ထိုင်းတရားစီရင် ရေးစနစ်အတွက် စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရက ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ်က စစ်တပ်လက်ဝါးကြီးအုပ်နေတဲ့ နိုင်ငံရဲ့ အခြေအနေကို ပြုပြင်ပြောင်းလဲလိုတဲ့ ဖိထာရဲ့ ဝန်ကြီးချုပ်ရွေးပွဲ ကနဦးမဲပေးမှုဟာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းပြီးနောက် တော်ဝင် စစ်တပ်က…

ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင် နိုင်ငံရေးလောကကို စွန့်ခွါတော့မယ်လို့ ထုတ်ပြန်

ဘန်ကောက် – ဇူလိုင်(၁၃) လက်ရှိထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာဟာ နိုင်ငံရေးလောကကို စွန့်ခွာပြီး United Thai Nation ပါတီကနေလည်း နှုတ်ထွက်မှာဖြစ်တယ်လို့ ဇူလိုင်လ(၁၁) ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် အငြိမ်းစားစစ်ဗိုလ်ချုပ်ဟာ နိုင်ငံရေးကိုစွန့်ခွာတော့မယ်ဆိုတဲ့ သတင်းစကားကို သူ့ရဲ့ပါတီ လူမှုကွန်ရက်ကနေ အသိပေးခဲ့တာဖြစ်ပြီး အားပေးထောက်ခံခဲ့သူ တွေကို ကျေးဇူးတင်တယ်လို့လည်းအသိပေးထားပါတယ်။ “ကျွန်ုပ်အနေနဲ့ ပါတီအဖွဲ့ဝင်ကနေ နှုတ်ထွက်ပြီး…