အစိုးရသစ်ဖွဲ့စည်းရေး ရွေးကောက်ပွဲအနိုင်ရ မဟာမိတ်တွေနဲ့ ပြုလုပ်သွားမယ်လို့ Pheu Thai ပါတီအတည်ပြု

0
2199

ဘန်ကောက် -ဩဂုတ်(၂) 

ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ အထက်လွှတ်တော်အမတ်တွေက Move Forward Party (MFP) မပါဝင်တဲ့ အစိုးရအသစ်တစ်ရပ်ဖွဲ့စည်းရေးကိုထောက်ခံပေးသွားမှာဖြစ်တယ်လို့  Pheu Thai ပါတီ ဒုတိယခေါင်းဆောင်က ပြောခဲ့ပါတယ်။

ဖွမ်ထမ်ဝီချရာချိုင်က လာမယ့်ရက်ပိုင်းအတွင်းကျင်းပမယ့် ပါလီမန်နှစ်ရပ်ရဲ့ ပူးတွဲ အစည်း အဝေးမတိုင်ခင် ဆွေးနွေးမှုတွေမှာ အဲဒီပြဿနာကိုဖြေရှင်းသွားမှာဖြစ်တယ်လို့ ဆိုခဲ့တာပါ။

 Pheu Thai ပါတီဟာ တခြားပါတီတွေရဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေ၊အထက်လွှတ်တော် အမတ်တွေနဲ့အတူ  ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး သူတို့တွေက MFP ပါတီအစိုးရအဖွဲ့က ထွက်ခွာ ရင်  Pheu Thai ပါတီအမည်စာရင်းတင်သွင်းမယ့် ဝန်ကြီးချုပ်ကို မဲပေးသွားမယ်လို့ အတည်ပြု ထားပါတယ်။ 

“ဒီပြဿာနက ကျွန်ုပ်တို့ ရင်ဆိုင်နေရတဲ့ အရာပဲ။ ညွှန့်ပေါင်းအဖွဲ့ မဟာမိတ်တွေက ဒီကိစ္စ ဆွေးနွေးရေးကို ထိပ်တိုက်တွေ့ဖို့ လိုလာပါပြီး” လို့ မစ္စတာ ဖွမ်ထမ် က ပြောခဲ့ပါတယ်။ 

 Pheu Thai ပါတီက MFP ပါတီနဲ့တခြား(၆) ပါတီကို မဟာမိတ်အဖြစ်ခေါ်ယူပြီး အစည်းအဝေး ကျင်းပသွားမှာဖြစ်သလို ပြီးခဲ့တဲ့ ဇူလိုင်လ(၁၃) ရက်နေ့က ဖိထာဝန်ကြီးချုပ်နေရာအတွက် ကိုယ်စားလှယ်လောင်းအဖြစ်မှ ရုတ်သိမ်းခံရတဲ့နောက်မှာ  Pheu Thai ပါတီဟာ အစိုးရသစ် တစ်ရပ်ဖွဲ့စည်းရေးကို ဦးဆောင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဘုရင့်အသရေဖျက်မှု ဥပဒေလို့ လူသိများတဲ့ ထိုင်းနိုင်ငံရဲ့ ရာဇဝတ်ကျင့်ထုံးအခန်း(၁၁၂) ကို ပြင်ဆင်ရေး ရည်ရွယ်တဲ့ MFP ပါတီရဲ့ ရည်ရွယ်ချက်ကို ပါလီမန်အဖွဲ့ဝင်တွေဟာ စိုးရိမ်ပူပန်မှု တွေမြင့်တက်နေတာပါ။

 Pheu Thai ပါတီရဲ့ ပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မစ္စနော့ပါဒါန် ပါထမာက ပါတီအနေနဲ့ သောကြာနေ့မှာ ကျင်းပမယ့် ပူးတွဲအစည်းအဝေးမှာ ဆရိထ ထာဗီဆင်ကို ဝန်ကြီးချုပ် အဖြစ် အမည်စာရင်းတင်သွင်းမှာ ဖြစ်ပြီး သူ့အနေနဲ့ အဓိကမဲရလဒ်ကို ရရှိနိုင်တယ်လို့ပြောပါတယ်။ 

သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ  Pheu Thai ပါတီဦးဆောင်မယ့် ညွန့်ပေါင်း အစိုးရမှာ စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ပါတီတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

ညွှန့်ပေါင်းအစိုးရကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး အစည်းအဝေးကို အရင်(၈) ပါတီညွှန့်ပေါင်း မဟာမိတ်အစည်းအဝေးမတိုင်ခင် မပြုလုပ်သင့်ဘူးလို့ MFP ပါတီ ဒုတိယ အထွေထွေ အတွင်း ရေးမှူးက ပြောခဲ့ပါတယ်။ 

“အနိုင်ရပါတီက Pheu Thai ကို အစိုးရဖွဲ့ဖို့ ဦးဆောင်ခွင့်ပေးတယ်ဆိုတာဟာ ၈ ပါတီ ညွှန့်ပေါင်း ပါဝင်တဲ့ အစိုးရတစ်ရပ်ဖြစ်ပေါ်ရေးကို မြင်ချင်လို့ဖြစ်ပါတယ်” လို့သူက ပြောခဲ့ပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.