ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ဟွန်ဆန်ရဲ့သားကို ပါလီမန်က ရွေးချယ်အတည်ပြု

0
1318

ဖနွမ်းပင်၊ သြဂုတ်(၂၃) 

ကမ္ဘောဒီးယား ပါလီမန်က သြဂုတ်လ ၂၂ ရက်နေ့မှာ ဟွန်ဆန်ရဲ့ အကြီးဆုံးသားဖြစ်သူကို နိုင်ငံရဲ့ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခဲ့ပြီး လွန်ခဲ့တဲ့လအတွင်းကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပြီးမှာပဲ အာဏာလွှဲပြောင်းခဲ့ပါတယ်။ 

ပါလီမန်အစည်းအဝေးမှာ ဟွန်မနတ်ကို ဝန်ကြီးချုပ်အဖြစ် တညီတညွတ်တည်း ထောက်ခံခဲ့ တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ဟွန်ဆန်ရဲ့ပါတီ CPP Cambodian People’s Party ဟာရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ဟွန်မနတ်ကလည်း အဲဒီရွေးကောက်ပွဲပြီးနောက်မှာပဲ ဒီကနေ့ဟာ ကမ္ဘောဒီးယားအတွက် သမိုင်းဝင်နေ့ဖြစ်တယ်လို့ ပါလီမန်အဖွဲ့ ဝင်တွေကို ပြောကြားခဲ့တာပါ။ 

ကမ္ဘာ့အရှည်ကြာဆုံး တာဝန်ထမ်းဆောင်သူဖြစ်ခဲ့တဲ့ ဟွန်ဆန်ကလည်း ရွေးကောက်ပွဲအနိုင်ရပြီး နောက်တစ် ရက်မှာပဲ ဟွန်မနတ်သို့ အာဏာလွှဲပြောင်းပြီး ရာထူးမှ ထွက်ခွာတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဟွန်မနတ်ရဲ့ အစိုးရအသစ်မှာ ဟွန်ဆန်နဲ့ မဟာမိတ်တွေနဲ့ ဆွေမျိုးတွေ၊ သားသမီးတွေက အမြင့်ဆုံးရာထူး တွေမှာ ဝင်ရောက်လုပ်ကိုင်သွားကြဖို့လည်း ရှိနေတာပါ။ 

ဟွန်ဆန်ရဲ့အငယ်ဆုံးသားဖြစ်သူ ဟွန်မနီကတော့ ပြည်သူ့ဝန်ဆောင်မှုဝန်ကြီးဖြစ်လာပြီး အမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဟွန်ဆန်ရဲ့တူကတော့ ဒုတိယဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

လက်ရှိ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေရဲ့ သားတွေဟာလည်း သူတို့ ဖခင်တွေရဲ့ ရာထူး တွေကို လွှဲပြောင်း ရယူမှာဖြစ်တယ်လို့ အစိုးရအသစ်ရဲ့ အဖွဲ့ဝင်စာရင်းတွေအရသိရ ကြောင်း AFP သတင်းဌာနက ဖော်ပြထားတာပါ။ 

အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂတို့ကတော့ ကမ္ဘောဒီးယားရွေးကောက်ပွဲ ဟာ လွတ် လပ်မှုရော၊ တရားမျှတမှုရော မရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

ဟွန်ဆန်ရဲ့ အာဏာလွှဲပြောင်းမှုဟာ သွးထွက်သံယိုမှုကို ရှောင်ရှားပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် ဖြစ်တယ်လို့ ပြောကြားရင်း စွပ်စွဲချက်တွေကို ကမ္ဘောဒီးယားဘက်မှ ပယ်ချခဲ့တာပါ။ 

ဗြိတိန်နဲ့ အမေရိကန်တို့မှာ ပညာသင်ကြားခဲ့တဲ့ ဟွန်မနတ်ကတော့ သူ့ဖခင်ထက် လစ်ဘရယ်လမ်းစဉ်ကို လိုက် လျှောက်မယ့် အရိပ်အယောင်တွေမြင်တွေ့ရတယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောကြားထားပါတယ်။ 

အာဏာရပါတီရဲ့ အမြဲတမ်းအဖွဲ့ဝင်တစ်ဦးဖြစ်လာတဲ့ ဟွန်မနတ်ကတော့ ၂၀၁၈ ခုနှစ်ကတည်း က စတင်ပြီး တော်ဝင်ကမ္ဘောဒီးယားစစ်တပ် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

 Ref,AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.