ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင် နိုင်ငံရေးလောကကို စွန့်ခွါတော့မယ်လို့ ထုတ်ပြန်

0
2540

ဘန်ကောက် – ဇူလိုင်(၁၃) 

လက်ရှိထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာဟာ နိုင်ငံရေးလောကကို စွန့်ခွာပြီး United Thai Nation ပါတီကနေလည်း နှုတ်ထွက်မှာဖြစ်တယ်လို့ ဇူလိုင်လ(၁၁) ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီးနောက် အငြိမ်းစားစစ်ဗိုလ်ချုပ်ဟာ နိုင်ငံရေးကိုစွန့်ခွာတော့မယ်ဆိုတဲ့ သတင်းစကားကို သူ့ရဲ့ပါတီ လူမှုကွန်ရက်ကနေ အသိပေးခဲ့တာဖြစ်ပြီး အားပေးထောက်ခံခဲ့သူ တွေကို ကျေးဇူးတင်တယ်လို့လည်းအသိပေးထားပါတယ်။ 

“ကျွန်ုပ်အနေနဲ့ ပါတီအဖွဲ့ဝင်ကနေ နှုတ်ထွက်ပြီး နိုင်ငံရေးကနေ အနားယူမှာဖြစ်တဲ့အကြောင်းကို ကြေငြာခြင်းပါတယ်။ မယိမ်းယိုင်တဲ့ အယူဝါဒနဲ့ နိုင်ငံရေးလုပ်ငန်းစဥ်များကို ဆက်လက်လုပ် ဆောင်ဖို့၊ နိုင်ငံ၊ သာသနာနှင့် ဘုရင်စနစ်ကို ကာကွယ်ဖို့နဲ့ ထိုင်းပြည်သူများကို စောင့်ရှောက်ဖို့ ပါတီအကြီးအကဲများနဲ့ ပါတီအဖွဲ့ဝင်များကို တောင်းဆိုချင်ပါတယ်”လို့ မစ္စတာ ပရရွတ်ပြောခဲ့ တာပါ။ 

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဗိုလ်ချုပ်ကြီး ပရရွတ်ဟာ ရွေးကောက်ခံ ဝန်ကြီးချုပ် ရင်လတ်ရှင်နာ ဝါထရာ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းမှုကို ဦးဆောင်ကာ ဝန်ကြီးချုပ်ရာထူးကို ရယူခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံကိုအာဏာသိမ်းပြီးနောက်သူဟာ ၂၀၁၉ ခုနှစ်အထွေထွေရွေးကောက်ပွဲမတိုင်ခင်အထိ (၅) နှစ်နီးပါး စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ပြီးနောက် စစ်တပ်ကခန့်ထားတဲ့ ကော်မတီနဲ့ နိုင်ငံရဲ့ အခြေ ခံဥပဒေကို ပြင်ဆင်ရေးဆွဲတာတွေ ပြုလုပ်ခဲ့သူဖြစ်တယ်လို့သိရပါတယ်။

ဗိုလ်ချုပ်ကြီး ပရရွတ်ဟာ အရင်က စစ်တပ်ကြောထောက်နောက်ခံပေးထားတဲ့ PPRP ပါတီက ရွေးကောက်ပွဲဝင်ခဲ့တာဖြစ်ပြီး နောက်ဆုံးရွေးကောက်ပွဲကိုတော့ ပါတီအသစ်နဲ့ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကာ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.