ရွေးကောက်ပွဲအပြီး ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးစနစ်အတွက် အမေရိကန်စိုးရိမ်နေ

0
2598
FILE PHOTO: Move Forward Party leader Pita Limjaroenrat arrives with coalition party leaders ahead of a press conference following a meeting with coalition partners in Bangkok, Thailand, May 18, 2023. REUTERS/Athit Perawongmetha/File Photo

ဝါရှင်တန် – ဇူလိုင်(၁၉)

ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးနဲ့အနိုင်ရထားတဲ့ ပါတီ ခေါင်းဆောင်ကို မေလ(၁၄) ရက်နေ့က သီးခြားတိုင်ကြားမှု(၂)ခုအပြီးမှာ ထိုင်းတရားစီရင် ရေးစနစ်အတွက် စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရက ပြောပါတယ်။ 

ပြီးခဲ့တဲ့ အပတ်က စစ်တပ်လက်ဝါးကြီးအုပ်နေတဲ့ နိုင်ငံရဲ့ အခြေအနေကို ပြုပြင်ပြောင်းလဲလိုတဲ့ ဖိထာရဲ့ ဝန်ကြီးချုပ်ရွေးပွဲ ကနဦးမဲပေးမှုဟာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းပြီးနောက် တော်ဝင် စစ်တပ်က ခန့်ထားတဲ့ ကိုယ်စားလှယ်တွေကြောင့် ပျက်ပြယ်ခဲ့ရတာပါ။

အနေရိကန်ဟာ တရုတ်နိုင်ငံရဲ့ ဩဇာကြီးထွားလာမှုကို သတိထားနေတဲ့ ဒေသမှာ ကာလရှည် စစ်ဘက်မဟာမိတ်ဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက် ပြီး တာဝန်ရှိသူတွေက စိုးရိမ်နေတာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မီလာက ဝါရှင်တန် အနေနဲ့ ထိုင်းရွေးကောက်ပွဲမှာ လိုလားတဲ့ ရလဒ်မရှိသေးပေမယ့် ပြည်သူတွေရဲ့ဆန္ဒကိုရောင်ပြန် ဟပ်တဲ့ လုပ်ဆောင်မှုတွေကို ထောက်ခံတယ်လို့ ပြောခဲ့ပါတယ်။ 

“ကျွန်တော်တို့ဟာ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုတွေကို အလွန်အနီးကပ်စွာ စောင့်ကြည့်နေပါတယ်၊ စိုးရိမ်ရတဲ့ တရားစီရင်ရေးစနစ်မှာ မကြာသေးမီက ဖြစ်ပေါ်တိုးတက် မှုတွေ ပါဝင်ပါတယ်” လို့ မီလာက ဆိုခဲ့တာပါ။ 

တော်ဝင်မိသားစုအပေါ် စော်ကားပြောဆိုမှုတွေကို တားမြစ်ထားတဲ့ ဥပဒေကို ပြောင်းလဲဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး ဖိထာကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက စွဲဆိုမှုကို လက်ခံ ပြီးနောက် ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့ မီဒီယာကုမ္ပဏီတစ်ခုမှာ အစုရှယ်ယာပိုင်ဆိုင်မှုအတွက်လည်း ရွေးကောက်ပွဲကော်မရှင်က အကြံပြုထားပါတယ်။

တရားရုံးက ဖိထာကို ရာထူးကထုတ်ပယ်တာ ဒါမှမဟုတ် ၂၀၂၀ ခုနှစ်က နောင်တော် Future Forward က ပြုလုပ်ခဲ့တဲ့အတိုင်း Move Forward ပါတီကို ဖျက်သိမ်းလိုက်မှာကို ပြည်သူတွေ စိုးရိမ်မှုတွေရှိနေပါတယ်။ 

“မဖြစ်ပေါ်သေးသော အဖြစ်အပျက်များကို ကျွန်ုပ်တို့ ဘယ်လိုတုံ့ပြန်မလဲအပေါ် မှန်းဆပြောဆို မှာမဟုတ်သော်လည်း မကြာသေးမီက ဖြစ်စဉ်များအပေါ် စိုးရိမ်စရာဖြစ်တယ်”လို့ မီလာက ပြောခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.