ထိုင်းဝန်ကြီးချုပ်ရွေးချယ်ပွဲ ထပ်မံရွှေ့ဆိုင်းခဲ့

0
1787

ဘန်ကောက် -ဩဂုတ်(၅) 

ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ရွေးကောက်ပွဲကို ဩဂုတ်လ(၄) ရက်နေ့မှာကျင်းပဖို့ စီစဉ်ထားပေမယ့် ထပ်မံရွှေ့ဆိုင်းလိုက်တဲ့အတွက် အစိုးရသစ်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး မရေရာမှုတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။ 

ပြီးခဲ့တဲ့ မေလကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ Move Forward ပါတီအနိုင်ရခဲ့ပေမယ့် ပါတီ ခေါင်းဆောင် ဖိထာဟာ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ စစ်တပ် ကြောထောက် နောက်ခံပြုထားတဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင် နေရတာပါ။ 

ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံထားရတဲ့ ရွေးကောက်ပွဲ အနိုင်ရ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းကို ပါလီမန်က ပိတ်ပင်တားဆီးဖို့ ပြည်နယ်ခရိုင် ဒေသန္တရ ကိုယ်စားလှယ်တွေရဲ့ တိုင်ကြားချက်ကို လက်ခံစဉ်းစားဖို့အချိန်ပိုမိုလိုအပ်တဲ့ အတွက် အခုလို ရွေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံးက ပြောပါတယ်။

ထိုင်းတော်ဝင်မိသားစုကို အသရေဖျက်မှုဥပဒေပြင်ဆင်ဖို့ တောင်းဆိုထားတဲ့ ပါတီနဲ့ ဖိထာကို မဲပေးသွားမှာမဟုတ်ဘူးလို့လည်း စစ်တပ်ခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ်တွေက ပြောထားပါတယ်။ 

လေ့လာသူတွေက အဲဒီဥပဒေဟာ ထောင်ဒဏ်(၁၅) နှစ်အထိ ချမှတ်နိုင်ပြီး နိုင်ငံရေး လက်နက် အဖြစ်အသုံးပြုနေတယ်လို့ ဆိုထားကြသလို အထက်လွှတ်တော်အမတ်တွေကတော့ ဘုရင်စနစ် ကို အထွဋ်အမြတ်ထားပြီး ရှေးရိုးဆန်တဲ့ တော်ဝင်ဝါဒီတွေအဖြစ် ခံယူထားကြပါတယ်။ 

လာမယ့် ဩဂုတ်လ(၁၆) ရက်နေ့မှာ ဝန်ကြီးချုပ်ရွေးချယ်ရေး အစည်းအဝေးကို ပြန်လည် ကျင်းပမှာဖြစ်တယ်လို့ ရုံးတော်က ထုတ်ပြန်ထားပါတယ်။ 

Move Forward ပါတီရဲ့ ကြိုးပမ်းမှု နှစ်ကြမ်အပြီးမှာ ဒုတိယအကြီးဆုံးပါတီဖြစ်တဲ့ Pheu Thai ပါတီဟာ မဟာမိတ်(၈) ပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးပမ်းနေပြီး အဲဒီပါတီတွေထဲမှာတော့ Move Forward ပါတီမပါဝင်တော့ဘူးလို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.