သမ္မတလောင်းရွေးချယ်မှုမှ ဒေါ်နယ်ထရန့် နုတ်ထွက်ပေးသင့်တယ်လို့ အမေရိကန်အထက်လွှတ် တော် ရီပါဘလစ်ကန်ပါတီဝင်တွေ ပြောကြား

0
1099
Republican presidential candidate and former U.S. President Donald Trump speaks as he campaigns at the Iowa State Fair in Des Moines, Iowa, U.S. August 12, 2023. REUTERS/Evelyn Hockstein

ဝါရှင်တန်၊ သြဂုတ်(၂၂) 

သမ္မတဟောင်း ဒေါ်နယ်ထရန့်အနေနဲ့ အထွေထွေ ရွေးကောက်ပွဲမှာအနိုင်ရဖို့မရှိနိုင်တဲ့အတွက် ၂၀၂၄ ခုနှစ် သမ္မတလောင်းရွေးချယ်ပွဲမှ နုတ်ထွက်သင့်ကြောင်း ထင်ရှားတဲ့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီ ကန်ပါတီဝင်တွေက ဩဂုတ်လ (၂၀) ရက်နေ့မှာ ပြောခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ်မှာ သမ္မတဟောင်းရဲ့ ဒုတိယအကြိမ်ရုံးချိန်းမှာ ထရန့်ကို အရေးယူပေးဖို့ မဲခွဲဆုံးဖြတ် ခဲ့တဲ့ အထက် လွှတ်တော် ရီပတ်ဘလီကန် အမတ် (၇) ဦးအနက်မှ တစ်ဦးဖြစ်တဲ့ ဘေလ်ကတ်ဆီ ဒီကတော့ ပြစ်မှုတစ်ခုအ တွက် ပြစ်ဒဏ်ချမှတ်ခံရသူကို သမ္မတအဖြစ် ရွေးချယ်မှာမဟုတ် ကြောင်း သတိပေးခဲ့ပါတယ်။

 မဲဆန္ဒရှင်တွေအနေနဲ့လည်း ထရန့်နဲ့ ပတ်သက်တဲ့ ဖက်ဒရယ်စာရွက်စာတမ်းကိစ္စနဲ့ပတ်သတ်ပြီး သတိရစေဖို့ တိုက်တွန်းပြောကြားထားတာပါ။

CNN ရဲ့ State of the Union အစီအစဉ်မှာတော့ သမ္မတရွေးကောက်ပွဲကနေ ထရန့်ထွက်သင့် လားလို့ မေးတဲ့ အခါ လူဝစ်ဇီးရာနား ရီပတ်ဘလစ်ကန်က “ဒါကို ကျွန်တော်လည်း တွေးထင်ပါ တယ်၊ ဒါပေမယ့် အဲဒါက သူ့အ ပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်ဆိုလိုတာက ကျွန်တော့် အမြင်ကိုမေးတာဆိုရင်တော့ သူက လက်ရှိမဲတွေ ကိုကြည့်ရင် ဂျိုးဘိုင်ဒင်ကို ရှုံးလိမ့်မယ်” ဟု ဆိုခဲ့ပါတယ်။ 

သူရဲ့နှစ်ဖက်ပါတီ ဆက်ဆံမှုတွေကြောင့်လူသိများတဲ့ ရီပတ်ဘလစ်ကန်မှ ကတ်ဆီဒီဟာ ၂၀၂၁ ခုနှစ်မှာ အမေ ရိကန်ဒေါ်လာ ၁ ထရီလီယံရှိ အခြေခံအဆောက်အအုံ ဥပဒေကြမ်းကိုဖန်တီးရာ မှာလည်း ဦးဆောင်မှု အခန်း ကဏ္ဍကနေပါဝင်ခဲ့တာဖြစ်ပါတယ်။ 

ထရန့်ဟာ ၂၀၂၁ ခုနှစ်မှာ အိမ်ဖြူတော်မှ ထွက်ခွာပြီးနောက် ရာဇဝတ်မှုဆိုင်ရာ စွဲချက်လေးခုပါဝင်တဲ့ တရား ရေးမပြေလည်မှုတွေ များပြားလာနေပေမယ့်လည်း သူဟာ ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် ဦးဆောင်နေ သူဖြစ်ပါတယ်။

 “ရာဇဝတ်မှုတစ်ခုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ သမ္မတလောင်းတစ်ဦးအဖြစ် ရှိကောင်းရှိနိုင်ပါတယ်။ ဂျိုးဘိုင်ဒင် နေရာမှာလည်း အစားထိုးဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမယ့် ပြစ်ဒဏ်ချ မှတ်ခံရသူတစ်ယောက်ကို အမေရိကန်တွေက မဲပေးမယ်လို့ မထင်ပါဘူး။ ဒါကြောင့် အားလုံးပဲ စိတ်မ ကောင်းဖြစ်မိပါတယ်။ ဒါက ကစားနေတာပါ” လို့ ကတ်ဆီဒီက ပြောပါတယ်။

 အခုလအတွင်း ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းမှာ ထရန့်ဟာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရီပတ်ဘလီကန်မဲ (၄၇) ရာခိုင်နှုန်းကို ရရှိထားပြီး ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ဇူလိုင်လမှာ (၁၃) ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ထရန့်ကတော့ စကားစစ်ထိုးခြင်းအစီအစဉ်ကို တက်ရောက်သွားမှာမဟုတ်ဘဲ Fox News သတင်းဌာနမှ အွန်လိုင်းအင်တာဗျူးအတွက်မှာ ပါဝင်သွားပြောကြားသွားမယ်လို့ သိရပါတယ်။

 Ref: Asiaone

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.