အနောက်နိုင်ငံတွေသာကူညီမယ်ဆိုပါက စစ်ပွဲကာလအတွင်းမှာပင် ရွေးကောက်ပွဲကျင်းပ နိုင်ကြောင်း ယူကရိန်းသမ္မတပြော

0
1782
Ukrainian President Volodymyr Zelenskiy attends a rising ceremony of the Ukraine's biggest national flag to mark the Day of the State Flag, amid Russia's attack on Ukraine, in Kyiv, Ukraine August 23, 2023. Ukrainian Presidential Press Service/Handout via REUTERS

ကိဗ်ယက်၊ သြဂုတ်(၂၉) 

ယူကရိန်းရဲ့ မိတ်ဖက်တွေအနေနဲ့ ကုန်ကျစရိတ်ကိုမျှဝေပြီး ပါလီမန်အမတ်တွေက အတည် ပြုကာ လူတိုင်းမဲ ပေးခွင့်ရှိမယ်ဆိုပါက မဲပေးမှုကို စစ်ပွဲအတွင်းမှာပင်လုပ်နိုင်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးကပြောကြား လိုက်ပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် တစ်ဦးက ယူကရိန်းရဲ့ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲကို ကြေညာဖို့ တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတ ဇယ်လန်းစကီးက ဩဂုတ်လ (၂၈) ရက်နေ့မှာ ပြောဆိုခဲ့တာပါ။

 ပုံမှန်အားဖြင့် ၂၀၂၄ ခုနှစ် မတ်လမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲမတိုင်ခင် ပါလီမန်ရွေးကောက်ပွဲ အ တွက် ပုံမှန်ရက်စွဲဖြစ်တဲ့ အောက်တိုဘာလမှာ ရွေးကောက်ပွဲတွေကို ရက် ၉၀ တစ်ကြိမ် သက်တမ်းတိုးခဲ့ ပါတယ်။

 ဒါပေမယ့်လည်း အရေးပေါ်ဥပဒေကြောင့် မကျင်းပနိုင်သေးဘဲဖြစ်နေတာ ဖြစ်ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ရန်လိုမှုကို တုန့်ပြန်ရာမှာ ကိယက်ဗ်မြို့ကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ အထက် လွှတ်တော်အမတ် ဂရေဟမ်ဟာ သြဂုတ် ၂၃ ရက်က မြို့တော်သို့လာရောက်လည်ပတ် ခဲ့ပြီး နိုင်ငံဟာ စစ်အတွင်း ရွေးကောက်ပွဲကျင်းပခြင်းဖြင့် ကွဲပြားကြောင်း ပြသဖို့လိုအပ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

 ဇယ်လန်းစကီးက 1+1 ချန်နယ်ဖြင့် ရုပ်မြင်သံကြားအင်တာဗျူးတစ်ခုမှာတော့ သူ့အနေနဲ့ ရန်ပုံငွေဆိုင်ရာ မေးခွန်းနဲ့ ဥပဒေပြောင်းလဲဖို့ လိုအပ်မှုအပါအဝင် အဲဒီကိစ္စကို ဂရေဟမ်နဲ ဆွေးနွေးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

 “ကျွန်တော် သူ့ကိုအရမ်းရိုးရှင်းတဲ့ အဖြေတစ်ခုကို မြန်မြန်ပေးခဲ့တယ်၊ လွှတ်တော်အမတ်တွေ လုပ်ချင်တဲါ ဆန္ဒရှိသရွေ့ အဲဒါကို သူသဘောကျတယ်” လို့ ဇီလန်စကီးက ပြောဆိုခဲ့ပါတယ်။ 

ငြိမ်းချမ်းတဲ့ကာလမှာ ရွေးကောက်ပွဲကျင်းပဖို့ ဒေါ်လာ (၁၃၅) သန်းကုန်ကျခဲ့တယ်လို့ သူကဆိုခဲ့ပါတယ်။ “စစ်ပွဲကာလမှာ ဘယ်လောက်လိုအပ်လဲတော့ မသိဘူး၊ ဒါကြောင့် ယူအက်စ်နဲ့ ဥရောပတို့က ငွေကြေး ပံ့ပိုးပေး ရင်တော့ ဖြစ်နိုင်တယ်လို့ သူ့ကိုပြောခဲ့တယ်” လို့ ဆက်လက်ပြောကြားခဲ့တာပါ။ 

လက်နက်တွေကနေ ပိုက်ဆံယူပြီးတော့ ရွေးကောက်ပွဲကို လုပ်မှာမဟုတ်ဘူး၊ ဒါက ဥပဒေက ပြဋ္ဌာန်းထားတာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။ 

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ ကတုတ်ကျင်းတွေဆီ စေလွှတ်ရမယ်လို့ ဂရေဟမ်ကို ပြောခဲ့ ကြောင်းလည်း အဲဒီချန်နယ်မှာ ဖော်ပြထားပါတယ်။ 

ရီပတ်ဘလစ်ကန်ဖြစ်တဲ့ ဂရေဟမ်က “ ကျွန်တော် သူ့ကို ပြောရမှာက နှစ်ခုကို တစ်ပြိုင်နက် လုပ်ရမှာ။ နောက် နှစ်မှာ ယူကရိန်းမှာ ရွေးကောက်ပွဲတစ်ခုလိုတယ်။ တိုက်ခိုက်မှုတွေရှိနေတာ တောင် ဒီနိုင်ငံကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် မြင်ချင်တယ် ” လို့ ပြောဆိုခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.