ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ စစ်တပ်ဖြစ်အောင် ပြောင်းလဲရမယ်လို့ Move Forward ပါတီခေါင်း ဆောင်ပြော

0
1374

ဘန်ကောက် – ဩဂုတ်(၂၉) 

ထိုင်းနိုင်ငံအစိုးရအသစ်အနေနဲ့ နိုင်ငံရဲ့ စစ်တပ်ကို ပြုပြင်းပြောင်းလဲပြီး မညီမျှမှုတွေကို လျှော့ ချကာ ဗဟိုချုပ်ကိုင်မှု ကင်းဝေးရေးလုပ်ဆောင်သင့်တယ်လို့ Move Forward ပါတီခေါင်းဆောင် ဖိထာ လင်ဂျာရွန်ရတ်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၇) ရက်နေ့က ဘန်ကောက် ခလုန်ဆမ်ဝခရိုင်မှာရှိတဲ့ Phraya Suren ဘုန်းကြီးကျောင်းတစ်ခုမှာ ကျင်းပခဲ့တဲ့ ကရင့်ရိုးရာလက်ချည်ပွဲအခမ်းအနားမှာ သူကပြောခဲ့ တာပါ။

ဖိထာက အစိုးရသစ်အဖွဲ့ဝင်တွေကို ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး မူဝါဒအသစ်တွေကို သတ်မှတ်ဖော်ထုတ်ရာမှာ ပြည်သူတွေရဲ့ ဖူလှုံရေးကို ဦးစားပေးဖို့လည်း တောင်းဆိုခဲ့သလို ရွေးကောက်ပွဲ ကတိကဝတ်တွေအတိုင်း ပြည့်မီအောင်ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်း ခဲ့ပါတယ်။

ဒါ့အပြင် မဖြစ်မနေ စစ်မှုထမ်းတာကနေ ဆန္ဒအလျောက် စစ်မှုထမ်းနိုင်တဲ့ စနစ်ကို ပြောင်းလဲဖို့ နဲ့ ပတ်သက်ပြီး မေးမြန်းချိန်းမှာတော့ ဖိထာက ဒီမူဝါဒဟာ မဲဆန္ဒရှင်အများစုရဲ့ ဦးစားပေးကိစ္စ ဖြစ်ပြီး ခေတ်မီတိုးတက်တဲ့ စစ်တပ်အဖွဲ့အစည်းတစ်ရပ်ကို အကောင်အထည်ဖော်နိုင်ဖို့ အရေး ကြီးတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Pheu Thai ပါတီရဲ့ ဝန်ကြီးချုပ် ဆရီထာသာဗီဆင်ကလည်း အစိုးရအသစ်တစ်ရပ် ဖွဲ့စည်းရေး ဟာ ပြီးမြောက်သွားပြီဖြစ်ုလိ အဖွဲ့ဝင်အသစ်တွေရဲ့ အရည်အချင်းပြည့်မီမှုတွေကို အစိုးရအဖွဲ့ အထွေထွေအတွင်းရေးမှူးက စစ်ဆေးနေတယ်လို့ ဆိုထားပါတယ်။

အဲဒီလုပ်ငန်းစဉ်ဟာ (၂)ရက်ကနေ(၃)ရက်အထိ ကြာမြင့်နိုင်ပြီး အစိုးရကရဲ့ မူဝါဒတွေကို လာမယ့် စက်တင်ဘာလ လည်မတိုင်ခင် လွှတ်တော်ကို တင်ပြနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီးရာထူးကို Pheu Thai ပါတီရဲ့ ပါလီမန်အဖွဲ့ဝင်ကို ပေးအပ်မယ့်အစား ထိုင်း အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲဟောင်းကို ပေးအပ်မယ်ဆိုတဲ့ သတင်းတွေနဲ့ကိုတော့ မစ္စတာ ဆရီထာက ပြန်လည်ဖြေကြားခဲ့တာမရှိဘဲ ပြည်သူတွေအစိုးရအဖွဲ့ကို စိတ်မပျက်စေရ ဘူးလို့သာ တုံ့ပြန်ခဲ့ပါတယ်။

လက်တလောထွက်ပေါ်နေတဲ့ သတင်းတွေအရ အစိုးရသစ်ရဲ့ ကာကွယ်ရေးဝန်ကြီးရာထူးဟာ ဗိုလ်ချုပ်ကြီး ပရာရွတ်ရဲ့ အရင်းနှီးဆုံးသူတွေထဲက ဖြစ်နိုင်တယ်လို့ ထွက်ပေါ်နေပါတယ်။ 

Ref:Thaienquirer

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.