နိုင်ငံတကာ

နီပေါလ်မှာ ဘုရင်စနစ် လိုလားတဲ့ ပြည်သူ ထောင်နဲ့ချီ ဆန္ဒပြ

ခတ္တမန္ဒူ၊ မေ ၃၁ မေ ၃၀ ရက်က မြို့တော် ခတ္တမန္ဒူမှာ နီပေါလ်နိုင်ငံသား ထောင်ပေါင်းများစွာ ချီတက်ပြီး ဘုရင်စနစ် ပြန်လည်ထားရှိဖို့နဲ့ လွန်ခဲ့တဲ့ ၁၇ နှစ်က ဖြုတ်ချခံခဲ့ရတဲ့ ဘုရင်ကို ထောက်ခံတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပါတယ်။ လူ ၁၆၀၀၀ ကျော် သေဆုံးခဲ့တဲ့ ဆယ်စုနှစ် တစ်စုကြာ ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့တဲ့ ငြိမ်းချမ်းရေး…

တရုတ်ရဲ့ တက္ကသိုလ်တွေကို အသုံးချပြီး သုတေသနခိုးယူနေမှုတွေ သည်းခံနေမှာမဟုတ်ဘူးလို့ အမေရိကန် ပြော

ဝါရှင်တန်၊ မေ ၃၁ အမေရိကန် တက္ကသိုလ်တွေကို တရုတ် ကွန်မြူနစ်ပါတီက အသုံးချလာမှု၊ သုတေသနပြုချက်တွေနဲ့ အသိဉာဏဆိုင်ရာ ပိုင်ဆိုင်မှုတွေ ခိုးယူနေမှုကို အမေရိကန်က သည်းခံနေမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီ ဘရု့စ်က ပြောကြားလိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မေ ၂၈ ရက်မှာ ကြေညာခဲ့တဲ့ ဗီဇာတွေ ပြင်းပြင်းထန်ထန်…

နယ်စပ် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထိုင်းနဲ့ကမ္ဘောဒီယား တပ်ချုပ်တို့ တွေ့ဆုံ

ဘန်ကောက်၊ မေ ၃၀ နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုအတွင်း ကမ္ဘောဒီးယား စစ်သား တစ်ဦး သေဆုံးခဲ့ပြီးနောက် ကမ္ဘောဒီးယားနဲ့ နယ်စပ်တင်းမာမှု ပြေလည်အောင် ဆောင်ရွက်ဖို့ သဘောတူထားကြောင်း ထိုင်းစစ်တပ်က မေ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြား ၂၀၀၈ ခုနှစ်က စစ်ရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး နှစ်များစွာကြာ ပြတ်တောင်းပြတ်တောင်း…

မဟာမိတ် ဆားဘီးယားက ယူကရိန်းသို့ လက်နက်တွေ ပေးပို့ပြီး သစ္စာဖောက်နေတယ်လို့ ရုရှား စွပ်စွဲ

ဘဲလ်ဂရိတ်၊ မေ ၃၀ မိမိတို့ရဲ့ ကာလရှည် မဟာမိတ် ဆားဘီးယားက ယူကရိန်းသို့ လက်နက်တွေ တင်ပို့ပြီး မိမိတို့ နောက်ကျောကို ဓားနဲ့ထိုးနေတယ်လို့ ရုရှားက မေ ၂၉ ရက်မှာ စွပ်စွဲလိုက်ပါတယ်။ ဘဲလ်ဂရိတ် အရာရှိတွေက ကြားနေတယ်လို့ ကြေညာထားပေမယ့် ပြောင်းပြန်အနေနဲ့ ဆားဘီးယား ကာကွယ်ရေးလုပ်ငန်းတွေက ယူကရိန်းသို့ ခဲယမ်းမီးကျောက်တွေ ဆက်လက် ပေးပို့နေတယ်လို့ ရုရှား…

မြန်မာနိုင်ငံဆိုင်ရာ သံအမတ်နဲ့ စစ်သံမှူးတို့ကို ဘင်္ဂလားဒေ့ချ် ပြန်လည်ခေါ်ယူ

ဒါကာ၊ မေ ၃၀ ရခိုင်ပြည်နယ်ရဲ့ ဒေသအများစုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် AA နဲ့ ဆက်ဆံရေးလမ်းကြောင်း ဖွင့်လှစ်ထားကြောင်း အသိပေးပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်နဲ့ စစ်သံမှူးတို့ကို ဒါကာသို့ ပြန်လည် ခေါ်ယူလိုက်ကြောင်း ဘင်္ဂလားဒေ့ချ် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးက မေ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ ၂၀၂၃ ခုနှစ် သြဂုတ်လကတည်းက…

တရုတ် ကျောင်းသားတွေအတွက် ဗီဇာ အမေရိကန်အစိုးရ ပယ်ဖျက်မယ်

ဝါရှင်တန်၊ မေ ၂၉ အမေရိကန်မှာ ပညာသင်ယူနေတဲ့ တရုတ်ကျောင်းသားတွေရဲ့ ဗီဇာကို အပြင်းအထန် ပယ်ဖျက်တော့မယ်လို့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစိုးရက ပြောကြားလိုက်ပါတယ်။ ဗီဇာ ရုတ်သိမ်းမှုအတွင်း အရေးကြီးတဲ့ နယ်ပယ်တွေမှာ ပညာသင်ယူနေတဲ့ ကျောင်းသားတွေအပြင် တရုတ် ကွန်မြူတစ်ပါတီနဲ့ ဆက်နွယ်နေသူတွေ ပါဝင်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။…

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ အဆင့်အမြင့်ဆုံး ဗုံးကြဲ လေယာဉ် နှစ်စီး ရောက်ရှိနေ

ဟောင်ကောင်၊ မေ ၂၉ တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေတဲ့ ပါရာဆယ်ကျွန်းမှာ တရုတ်က သူတို့ရဲ့ အဆင့်အမြင့်ဆုံး ဗုံးကြဲ လေယာဉ်တွေထဲက နှစ်စီးကို အခုအတွင်း ချထားလိုက်ကြောင်း ဂြိုဟ်တု ပုံရိပ်တွေက ဖော်ပြနေပါတယ်။ ဒါဟာ တရုတ်က သူတို့ရဲ့ ကြီးထွားလာနေတဲ့ စစ်ရေး စွမ်းပကားတွေကို ပြိုင်ဖက်တွေသိအောင် နောက်ဆုံး အချက်ပြမှု ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒါက…

ရွှေတြိဂံဒေသမှာ စိတ်ကြွမူးယစ်ဆေး ထုတ်လုပ်မှုနဲ့ မှောင်ခိုရောင်းဝယ်မှု စံချိန်တင်မြင့်တက်လာကြောင်း ကုလပြော

မော်လမြိုင် မေ ၂၉ အရှေ့တောင်အာရှဒေသမှာ စိတ်ကြွဆေးနဲ့ တခြားအန္တရာယ်ရှိတဲ့ မူးယစ်ဆေးတွေ စံချိန်တင် ဖမ်း ဆီးရမိမှုပမာဏကို ကြည့်မယ်ဆိုရင် ရွှေတြိဂံဒေသမှာ တရားမဝင် မူးယစ်ကုန်သွယ်မှုတွေ အရှိန် အဟုန်နဲ့ တိုးမြင့်လာတာကို ပြသနေတယ်လို့ မေ ၂၈ ရက်မှာ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာ တစ်ခုမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံ အထူးသဖြင့် ရှမ်းပြည်နယ် ရွှေတြိဂံဒေသကနေ…

မူးယစ်ဆေးဝါး နှိမ်နှင်းရေး ‘ဝ’ တပ်ဖွဲ့ကို တားဆီးဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တိုက်တွန်း

ဘန်ကောက်၊ မေ ၂၈ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတဲ့ မြန်မာနိုင်ငံရှိ ‘ဝ’ တပ်ဖွဲ့ UWSA ကို တားဆီးရေး အရှိန်မြှင့် ဆောင်ရွက်ဖို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ မကြာခင် တွေ့ဆုံပြီး မူးယစ်ဆေးဝါး ကွန်ရက်တွေကို တိုက်ဖျက်နှိမ်နှင်းရေး နည်းလမ်းရှာဖို့ ရှိနေတယ်လို့လည်း သက်ဆင်က ပြောပါတယ်။ မူးယစ်ဆေးဝါးနဲ့…

မြန်မာ့ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ကူညီပေးမယ်လို့ အာဆီယံ ခေါင်းဆောင်တွေ ကတိပြု

ကွာလာလမ်ပူ မေ ၂၈ လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿနာအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရေရှည် တည်မြဲတဲ့ အဖြေရှာဖွေရေး မြန်မာနိုင်ငံကို ကူညီဖို့ ဆက်လက် ကတိပြုထားကြောင်း အာဆီယံ ခေါင်းဆောင်တွေက မေ ၂၇ ရက်မှာ ပြောကြား လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းရာမှာ ၂၀၂၁ ခုနှစ်မှာ သဘောတူထားခဲ့တဲ့ ဘုံသဘောတူညီချက် ၅…