သရက် ကပစ စက်ရုံကို ဒေသကာကွယ်ရေးအဖွဲ့ ရော့ကတ်တွေနဲ့ တိုက်ခိုက်
မကွေး ဖေဖော်ဝါရီ ၂ မကွေးတိုင်း သရက်ခရိုင် သရက်မြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံကို ရော့ကတ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က သရက်မြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁၂ ကို 75MM Rocket ၁၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။…
