2026

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပချိန် လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၇၀ သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရွေးကောက်ပွဲ ကျင်းပနေချိန်အတွင်း မြန်မာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၄၀၀ ကျော် ပြုလုပ်ခဲ့ပြီး အရပ်သား ၁၇၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ဦးဆောင် ကျင်းပတဲ့ ရွေးကောက်ပွဲဟာ စစ်ခေါင်းဆောင်တွေ အာဏာ ဆက်လက် ချုပ်ကိုင်ရေး အကွက်ချ ကျင်းပတဲ့…

ထရန့်ရဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ရွေးချယ်မှုနဲ့အတူ ကမ္ဘာ့ ရွှေဈေး၊ ငွေဈေး ပြန်ကျ

နယူးယောက်၊ ဇန်နဝါရီ ၃၁ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ရွေးချယ်မှုနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေ စိတ်အေးသွားချိန်မှာ ဥရောပ စတော့ရှယ်ယာ ဈေးကွက် အားနည်းနေပြီး ရွှေဈေး၊ ငွေဈေး ပြန်လည် ကျဆင်းလာပါတယ်။ ရင်းနှီးမြှုပ်နှံမှုအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့ တန်ဖိုးရှိ သတ္တုတွေဖြစ်တဲ့ ရွှေနဲ့ငွေဈေးနှုန်းတွေဟာ ထရန့်ရဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ရွေးချယ်ပြီးနောက်မှာ လျော့ကျလာတာပါ။ ထရန့်က…

မြန်မာမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားလာတယ်လို့ လူအခွင့်အရေးအဖွဲ့တွေ ပြော

မော်လမြိုင်၊ ဇန်နဝါရီ ၃၁ မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပိုမိုဆိုးရွားလာတယ်လို့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Amnesty International၊ Fortify Rights နဲ့Human Rights Watch တို့က ဇန်နဝါရီ ၂၉ ရက်နေ့မှာ ပူးတွဲကြေညာထားပါတယ်။ မြန်မာစစ်အစိုးရဟာ အာဏာအလွဲသုံးစားလုပ်ကာ စစ်ဆင်ရေးတွေအပါအဝင်…

အုတ်တွင်းတိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းအထိနာပြီး တပ်ပြန်ဆုတ်

အုတ်တွင်း၊ ဇန်နဝါရီ ၃၁ ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ပေါက်ခေါင်း -အုတ်တွင်းလမ်းပိုင်းမှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် အထိနာပြီး တပ်ပြန်ဆုတ်သွားတယ်လို့ ပဲခူးရိုးမ PDF ဗျူဟာ(၂၂) က သတင်းထုတ်ပြန်ပါတယ်။ အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ဇန်နဝါရီ ၂၀ ရက်နေ့ကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ပေါက်ခေါင်း -အုတ်တွင်းလမ်းပိုင်းကို ပြန်လည်စိုးမိုးရေးအတွက်…

ကုလသမဂ္ဂ ဘဏ္ဍာရေး ပြိုလဲနိုင်တဲ့အန္တရာယ်နဲ့ ကြုံတွေ့နေရတယ်လို့ အတွင်းရေးမှူးချုပ် ပြော

ဂျီနီဗာ၊ ဇန်နဝါရီ ၃၁ အဖွဲ့ဝင်နိုင်ငံတွေက သူတို့ ပေးဆောင်ရမယ့် အဖိုးအခကို မပေးသွင်းကြတာကြောင့် ကုလသမဂ္ဂဟာ ဘဏ္ဍာရေးအရ ချက်ချင်းလက်ငင်း ပြိုလဲနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးလိုက်ပါတယ်။ လာမယ့် ဇူလိုင်လမှာ ရန်ပုံငွေ ကုန်သွားနိုင်တာကြောင့် အကူအညီ ပေးဝေဖြန့်ဖြူးရေး စီမံကိန်း အန္တရာယ်ကျရောက်နေပြီ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဆိုတာပါ။…

မြန်မာ ပြဿနာနဲ့ ထိခိုက်မှုရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက် အီးယူက ရန်ပုံငွေ ယူရို ၆၃ သန်း လျာထား

ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၃၁ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ ဒဏ်ခံနေရတဲ့ လူထုကို ကူညီရေး အထူးသဖြင့် ဘင်္ဂလားဒေ့ချ်နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို ကူညီပေးရေး ဥရောပကော်မရှင်က ယူရို ၆၃ သန်း လျထားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်နဲ့ပတ်သက်လို့ ဥရောပ သမဂ္ဂ (အီးယူ) က တောင်နဲ့…

စစ်အာဏာသိမ်း (၁၈၂၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၇၃၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၃၁ AAPP ရဲ့ ဇန်နဝါရီ၃၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၂၅) ရက်အတွင်း ပြည်သူ (၇၇၃၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၃၅၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၉၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ရွေးကောက်ခံဆိုတဲ့ ဂုဏ်ပုဒ်တပ်ဖို့ ဇာတ်သိမ်းခန်း ရောက်ရှိလာတဲ့ စစ်အာဏာသိမ်းမှု

မော်လမြိုင် ၊ ဇန်နဝါရီ ၃၁ ကျွန်တော် မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ရဲ့ အာဏာသိမ်းမှုဟာ ကဏ္ဍအစုံ ပျက်စီးယိုယွင်းမှုနဲ့အတူ များစွာသော ပြည်သူတွေရဲ့ ဘဝတွေ အသက်တွေ ခြွေရင်း ဇာတ်သိမ်းခန်းကို ရောက်ရှိလာပါပြီ။ လွန်ခဲ့တဲ့ ၅ နှစ် နိုင်ငံ့အာဏာသိမ်းယူခဲ့ချိန်မှာ စစ်တပ်က အရေးပေါ်ကာလဆိုင်ရာ ပြဌာန်း ချက်တွေနဲ့အညီ ဆောင်ရွက်ပြီးရင်…

တစ်နှစ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ KNU ပြော

မော်လမြိုင်၊ ဇန်နဝါရီ ၃၁ ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA ၊…

ဘီးလင်းမြို့နယ် ဖိုးဝသိမ်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရ

ဘီးလင်း၊ ဇန်နဝါရီ ၃၁ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဖိုးဝသိမ်ကျေးရွာ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့လာရောက် ဗုံးကြဲသွားတာကြောင့် ကျောင်းဆောင်အဆောက်အဦးတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘီးလင်းမြို့နယ် သံတံတားစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီ ၂၉ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ဖိုးဝသိမ်ကျေးရွာက မူလတန်းကျောင်းကို ဒရုန်းနဲ့ဗုံးသုံးလုံး လာရောက်ကြဲချသွားတာပါ။ ဗုံးကြဲခံရတာကြောင့်…