ရန်ကုန်၊ ဇန်နဝါရီ ၃၁

ရွေးကောက်ပွဲ ကျင်းပနေချိန်အတွင်း မြန်မာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၄၀၀ ကျော် ပြုလုပ်ခဲ့ပြီး အရပ်သား ၁၇၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ဦးဆောင် ကျင်းပတဲ့ ရွေးကောက်ပွဲဟာ စစ်ခေါင်းဆောင်တွေ အာဏာ ဆက်လက် ချုပ်ကိုင်ရေး အကွက်ချ ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း လေ့လာသူတွေက ဆိုတာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က မြန်မာ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဝေဖန်ပြီး အပြစ်မဲ့ ပြည်သူတွေအပေါ် စစ်တပ်ရဲ့ တိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင် ရှုတ်ချထားပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို အာဆီယံကလည်း ထောက်ခံ အတည်ပြုမှာ မဟုတ်ကြောင်း လက်ရှိ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပနေတဲ့ ကာလအတွင်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၇၀ ကျော် ရှိကြောင်း ကုလသမဂ္ဂက ပြောကြားပါတယ်။

စစ်တပ်က အင်တာနက်လိုင်း ဖြတ်တောက်ထားတာကြောင့် လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသူ အရေအတွက် ပိုများနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

မြန်မာ စစ်တပ်က ရုရှား၊ တရုတ် လေကြောင်း လက်နက်တွေနဲ့ အရပ်ဖက် တည်နေရာတွေကို တိုက်ခိုက်မှု ပိုများလာကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။
Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.