နယူးယောက်၊ ဇန်နဝါရီ ၃၁

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ရွေးချယ်မှုနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေ စိတ်အေးသွားချိန်မှာ ဥရောပ စတော့ရှယ်ယာ ဈေးကွက် အားနည်းနေပြီး ရွှေဈေး၊ ငွေဈေး ပြန်လည် ကျဆင်းလာပါတယ်။

ရင်းနှီးမြှုပ်နှံမှုအတွက် အရေးကြီးတယ်လို့ ယူဆရတဲ့ တန်ဖိုးရှိ သတ္တုတွေဖြစ်တဲ့ ရွှေနဲ့ငွေဈေးနှုန်းတွေဟာ ထရန့်ရဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ရွေးချယ်ပြီးနောက်မှာ လျော့ကျလာတာပါ။

ထရန့်က ကေဗင် ဝါ့ရှ်ကို အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် အမည်စာရင်း တင်သွင်းပြီးနောက် အခုလို ရွှေဈေး၊ငွေဈေး လျော့ကျလာတာ ဖြစ်ပါတယ်။

ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျရမီ ပါဝဲလ်ကို ဒေါ်နယ် ထရန့်က ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန် ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးအရ ထိခိုက်နိုင်ကြောင်း သတိပေးပြီးနောက်မှာ အခုလို ဖြစ်လာတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့က ရွှေ တစ်အောင်စကို ဒေါ်လာ ၅၆၀၀ အထိ စံချိန်တင် ပေးခဲ့ရပြီးနောက်မှာ အခုလို ဈေးနှုန်း လျော့ကျလာတာ ဖြစ်ပါတယ်။

ရွှေဈေးနှုန်း တစ်အောင်စကို အမေရိကန် ဒေါ်လာ ၅၀၀၀ အောက် ၁၂ ရာခိုင်နှုန်းအထိ လျော့ကျသွားပါတယ်။

ငွေဈေးကလည်း ဇန်နဝါရီ ၂၉ ရက်က တစ်အောင်စကို ဒေါ်လာ ၁၂၀ အထိစံချိန်တင် မြင့်တက်ခဲ့ပြီးနောက် ဒေါ်နယ်ထရန့်ရဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ရွေးချယ်မှု နောက်ပိုင်းမှာ ဈေးနှုန်း ပြန်လည် လျော့ကျလာတာ ဖြစ်ပါတယ်။

ရွှေဈေးဟာ တစ်ပွိုင့်ကို ၁၂ ရာခိုင်နှုန်းအထိ လျှော့ကျသွားပြီး ဇန်နဝါရီ ၂၉ ရက်က တစ်အောင်စကို ၅၆၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့တာပါ။

ဒေါ်နယ် ထရန့်ရဲ့ အခွန်တိုးမြှင့် ကောက်ခံမှုနဲ့အတူ ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်စိတ် ကြီးလာချိန်မှာ ရွှေ ဝယ်ပြီး ရင်းနှီးမြှုပ်နှံလာကြာတာကြောင့် ရွှေဈေး မြင့်တက်လာပြီး အမေရိကန် ဒေါ်လာဈေး လျော့ကျခဲ့ တာ ဖြစ်ပါတယ်။

ထရန့်ရဲ့ ပြောဆို ခြိမ်းခြောက်မှုတွေနဲ့အတူ ကမ္ဘာ့ ငွေကြေး ဈေးကွက်တွေ ရိုလာ ကိုစတာ စီးသလို ကမောက်ကမ ဖြစ်ခဲ့ပြီး အမေရိကန် အစိုးရဌာနများ ပိတ်သိမ်းနိုင်ခြေ ရှိတဲ့ အချိန်မှာ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.