မော်လမြိုင်မှာ လမ်းပိတ်ပြီး သင်္ကြန်မဏ္ဍပ် စဆောက်
မော်လမြိုင် ၊ ဧပြီ ၅ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သင်္ကြန်ပွဲတော် ကျင်းပဖို့အတွက် စစ်ကော်မရှင်က ကမ်းနားလမ်းတစ်လျှောက် လမ်းပိတ်ပြီး သင်္ကြန်မဏ္ဍပ် စတင်ဆောက်လုပ်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်ဟာ ဧပြီ ၄ ရက်နေ့ မနက်ပိုင်းကစလို့ ကမ်းနားလမ်းပိုင်းအပါအဝင် ကျိုက်သလ္လံ ဘုရားလမ်းကနေ မောရဝတီပန်းခြံလမ်းအထိ လမ်းပိုင်းတချို့ကို ယာပီပိတ်သိမ်းပြီး မဏ္ဍပ်တွေ ဆောက်လုပ်နေတာပါ။ သင်္ကြန်ပွဲတော်ကာလအတွင်း…
