မကွေး ဧပြီ ၄

မကွေးတိုင်း မင်းဘူးမြို့နယ် စကုမြို့ အတွင်းက ကျေးရွာတစ်ရွာကို စစ်ကော်မရှင်တပ်လေကြောင်းနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဧပြီ ၃ ရက် မနက်ပိုင်းက တံတားဦးကနေတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကြီးကန်ရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတွေချပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“မနက်အစောပိုင်းကြီး မြောက်ဘက်ကနေလာပြီးတော့ ပေါင် ငါးရာတွေ ချပြီးတိုက်ခိုက်သွားတာ။ အဲဒီနေ့မှာ တိုက်ပွဲဖြစ်ပွားတာမျိုးတော့ မရှိဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး မှန်ကွဲစတွေ ထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်တွေက စကုမြို့နယ်ထဲက ကျေးရွာတွေကို မတ် ၃၁ ရက်ကတည်းက အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းဝင်နေတာဖြစ်ပြီး ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၂ ရက်နေ့မှာတော့ စစ်ကော်မရှင်တပ်သားတွေ ပြန်ဆုတ်သွားပြီးတဲ့နောက် ဧပြီ ၃ ရက် မနက် ၁နာရီကျော်ဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းကြောင့် ပင်လယ်သက်၊ ညောင်ကုန်း၊ ပေကုန်း၊ လျှော်ဖြူတော၊မင်းရွာ၊ မုခ်ထောကြီး၊ မရှပ်၊ ဖြူကုန်း၊ ကြီးကန်၊ ကူရွာ။ မြောင်းကြားစတဲ့ကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.