BGF ကနေ KNA ပြောင်းလဲမှုကြောင့် ဘားအံမြို့မှာ စစ်တပ်အရေးပေါ်တပ်လှန့်ထား
ဘားအံ၊ ဇန်နဝါရီ ၂ ကရင်နယ်ခြားစောင့်တပ် BGF ကနေ ကရင်အမျိုးသားတပ်မတော် KNA အဖြစ် ပြောင်းလဲဖွဲ့စည်းမှုကြောင့် ကရင်ပြည်နယ် ဘားအံမြို့ပေါ်နဲ့ ကျေးရွာတွေမှာ စစ်ကော်မရှင်တပ်က လုံခြုံရေးတိုးမြင့်ချထားပြီး အရေးပေါ်တပ်လှန့်ထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး BGF က တပ်ရင်းတပ်ဖွဲ့တွေအများစုမှာ KNA ဘက်တံဆိပ်သစ်ကို ပြောင်းလဲတပ်ဆင်အသုံးပြုလိုက်ပြီး ဒီလိုပြောင်းလဲတပ်ဆင်အသုံးပြုတဲ့အပေါ်…
