KNA ဖိအားကြောင့် ရွှေကုက္ကိုမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် မြဝတီသို့ ပြန်ဆုတ်
မြဝတီ၊ဇန်နဝါရီ ၃ ကရင်ပြည်နယ် ရွှေကုက္ကိုဒေသမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဟာ ကရင်အမျိုး သားတပ်မတော် KNA ရဲ့ ဖိအားပေးမှုကြောင့် ရွှေကုက္ကိုဒေသအတွင်းကနေ မြဝတီကို ပြန်လည်ထွက်ခွာခဲ့ရပြီး ရွှေကုက္ကိုဒေသထဲမှာ KNA တပ်က လုံခြုံရေးအရေးပေါ်တပ်လှန့်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ ၂၀၂၆ ဇန်နဝါရီလကစပြီး ကရင်နယ်ခြားစောင့်တပ် BGF ကနေ ကရင်အမျိုးသားတပ်မတော်အဖြစ် အသွင်ပြောင်းဖွဲ့စည်းလိုက်တဲ့နောက် ရွှေကုက္ကိုဒေသထဲမှာ ရှိနေတဲ့ စစ်ကော်မရှင်တပ်ရဲ့…
