2026

စစ်ရေးပြင်းထန်နေတဲ့ ဘီးလင်းမြို့နယ်မှာ အရပ်သားသေဆုံးမှု မြင့်တက်

ဘီးလင်း၊ ဇန်နဝါရီ ၄ နှစ်ဖက်စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာတယ်လို့ ဒေသခံတွေအပါအဝင် ကူညီရေးအဖွဲ့တွေထံကနေ သိရပါတယ်။ လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပမယ့် ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား နှစ်ဖက်စစ်ရေး ပိုမိုပြင်းထန်နေတာပါ။ သံလွင်တိုင်းမ်က ပြုစုထားတဲ့…

ဗင်နီဇွဲလားကို ကြီးကြီးမားမား တိုက်ခိုက်ပြီး သမ္မတမာဒူရိုနဲ့ ဇနီးကို ဖမ်းဆီးလိုက်ပြီလို့ ထရန့် ပြော

ဝါရှင်တန်၊ ကာရာကတ်စ်၊ ဇန်နဝါရီ ၃ ဗင်နီဇွဲလားကို ဇန်နဝါရီ ၃ ရက်မှာ ကြီးကြီးမားမား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အတည်ပြုပြီး သမ္မတ နီကိုလာ့စ် မာဒူရိုနဲ့ သူ့ရဲ့ ဇနီးကို ဖမ်းဆီးလိုက်ပြီလို့ ပြောလိုက်ပါတယ်။ သမ္မတ မာဒူရိုကို ဗင်နီဇွဲလားကနေ လေကြောင်းနဲ့ သယ်ထုတ်လာပြီလို့လည်း ထရန့်က ပြောပေမယ့်…

အီလွန်မက်စ်ရဲ့ Starlink ဂြိုဟ်တုတွေကြောင့် လုံခြုံရေး အန္တရာယ်ရှိတယ်လို့ တရုတ် သတိပေး

နယူးယောက်၊ ဇန်နဝါရီ ၃ အီလွန်မက်စ် ပိုင်ဆိုင်တဲ့ Starlink ကုမ္ပဏီရဲ့ ဂြိုဟ်တုတွေကို ဂြိုဟ်ပတ်လမ်း အနိမ့်ပိုင်းမှာ အလျင်အမြန် တိုးချဲ့ ချထားမှုကြောင့် တစ်ကမ္ဘာလုံးကို လုံခြုံရေး ဘေးကင်းရေး စိုးရိမ်မှုတွေ ဖြစ်ပေါ်စေတယ်လို့ တရုတ်က ကုလသမဂ္ဂကို သတိပေးလိုက်ပါတယ်။ အာကာသထဲမှာ စီးပွားဖြစ် လုပ်ဆောင်ချက်တွေ၊ စီးပွားဖြစ် ဂြိုဟ်တုတွေ ပိုများလာမှုတို့ကို ဘယ်နိုင်ငံကမှ စစ်ဆေးမှု မရှိသလို…

သမ္မတဟောင်း ယောင်ဆွတ်ယိုလ်ကို တောင်ကိုရီးယား တရားရုံး ဖမ်းဝရမ်း အသစ်ထုတ်

ဆိုးလ်၊ ဇန်နဝါရီ ၃ ၂၀၂၄ ခုနှစ်က စစ်အုပ်ချုပ်ရေးဥပဒေ ပြဌာန်းဖို့ ကြိုးပမ်းမှုနဲ့ဆက်စပ်လို့ တောင်ကိုရီးယား သမ္မတဟောင်း ယောင်ဆွတ်ယိုလ်ကို တရားရုံးက ဇန်နဝါရီ ၂ ရက်မှာ ဖမ်းဝရမ်းအသစ် ထုတ်လိုက်ပါတယ်။ ယောင်ဆွတ်ယိုလ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာဖို့ ကြိုးပမ်းမှုတွေ အားကောင်းလာစေရေး မြောက်ကိုရီးယား ဝေဟင်မှာ ဒရုန်းတွေ ပျံသန်းဖို့ ခွင့်ပြုခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ရန်သူကို အားပေးမှု…

အာဏာသိမ်းကာလအတွင်း အမျိုးသမီး ၂၀၀၀ နီးပါး သတ်ဖြတ်ခံရ

မော်လမြိုင်၊ ဇန်နဝါရီ ၃ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ငါနှစ်နီးပါးကာလအတွင်း စစ်ကော်မရှင်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အမျိုးသမီး ၂၀၀၀ နီးပါးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ နွေဦးတော်လှန်ရေးအတွင်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတိုးမြှင့်လာတာနဲ့အတူ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် မတရားဖမ်းဆီးခံရတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ သတ်ဖြတ်ခံရတာတွေကြောင့် လွတ်လပ်မှုနဲ့ အသက်အန္တရာယ် ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။…

အသက်မပြည့်သေးတဲ့ စစ်မှုထမ်းအပါအဝင် တပ်သား ၅ ဦး KNU ထံ အလင်းဝင်

မုန်း၊ ဇန်နဝါရီ ၃ ပဲခူးတိုင်း မုန်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၉ ခြေမြန်တပ်ရင်းက အသက်မပြည့်သေးတဲ့ အဓမ္မ တပ်သားစုဆောင်းခံရသူတစ်ဦး အပါအဝင် စစ်မှုထမ်းတပ်သား ၅ ဦး လက်နက်ချ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။ မုန်းမြို့နယ်အခြေစိုက် ခမရ ၅၉၉ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၅…

ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်အတွက် မွန်ညီညွတ်ရေးပါတီ အနိုင်ရတယ်လို့ ကြေညာ

ချောင်းဆုံ၊ ဇန်နဝါရီ ၃ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် မွန်ညီညွှတ်ရေးပါတီ MUP ကိုယ်စားလှယ်လောင်း ဦးစိုးသူ အနိုင်ရတယ်လို့ စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုကြေညာပါတယ်။ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် မွန်ညီညွှတ်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ မွန်ညီညွှတ်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးစိုးသူဟာ ခိုင်လုံမဲ ၂၃၀၀၀…

ထရန့် သတိပေးထားပေမယ့် အီရန် လုံခြုံရေးတပ်ဖွဲ့က ဆန္ဒပြသူတွေကို ပစ်ခတ်

တီဟီရန်၊ ဇန်နဝါရီ ၃ အလျင်အမြန် ပျံ့နှံ့လာနေတဲ့ မငြိမ်သက်မှုအတွင်း ကြားဝင်ရှင်းမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ထားပေမယ့် အီရန် လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို ဇန်နဝါရီ ၂ ရက် ညက ပစ်ခတ်ခဲ့ပါတယ်။ ကွမ်မြို့မှာ ဆန္ဒပြသူ တစ်ဦး ပစ်သတ်ခံရတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေချိန် တီဟီရန်မြို့မှာ ဆန္ဒပြသူတွေ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဆန့်ကျင်ဆန္ဒပြသူတွေကို…

ဒရုန်း အစီးရေ ၁၀၀ ကျော် တင်ဆောင်နိုင်တဲ့ မိခင်ယာဉ်ကို တရုတ် စမ်းသပ်မောင်းနှင်

ဘေဂျင်း၊ ဇန်နဝါရီ ၃ ဒရုန်း အသေးစား ၁၀၀ ကျော်အထိ တင်ဆောင်နိုင်တဲ့ ပေါင် ၃၅၀၀၀ အလေးချိန်ရှိတဲ့ ကမ္ဘာပထမဆုံး မောင်းသူမဲ့ မိခင်ယာဉ်ကြီးကို တရုတ်က စမ်းသပ်ပျံသန်းမှုတွေ ပြုလုပ်နေပါတယ်။ ဂျု့ရှန် ဒါမှမဟုတ် တရုတ်ဘာသာစကားနဲ့ ကောင်းကင်ဘုံ ၉ ခုလို့ အဓိပ္ပါယ်ရတဲ့ အင်ဂျင် အကြီးစား သုံးထားတဲ့ အဲဒီ မောင်းသူမဲ့ မိခင်ယာဉ်ကြီးကို…

စစ်အနိုင်တိုက်နိုင်ရေး ရည်မှန်းချက် အကောင်အထည်ဖော်မယ်လို့ NUG ကြွေးကြော်

မော်လမြိုင် ၊ ဇန်နဝါရီ ၃၃ အခုနှစ်ဆန်းပိုင်းအတွင်း စစ်တပ်က ရွေးကောက်ပွဲကို အပြီးသတ်ကျင်းပဖို့ ကျန်ရှိနေချိန်မှာ နွေဦးတော်လှန်‌ရေးရဲ့ တပ်ဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက စစ်အနိုင်တိုက်မယ်လို့ ၂၀၂၆ နှစ်ဦးမှာ ကြွေးကြော်လာပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၅ စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ အစီရင်ခံစာမှာ စစ်အနိုင်တိုက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်မယ်လို့…