ဆိုးလ်၊ ဇန်နဝါရီ ၃

၂၀၂၄ ခုနှစ်က စစ်အုပ်ချုပ်ရေးဥပဒေ ပြဌာန်းဖို့ ကြိုးပမ်းမှုနဲ့ဆက်စပ်လို့ တောင်ကိုရီးယား သမ္မတဟောင်း ယောင်ဆွတ်ယိုလ်ကို တရားရုံးက ဇန်နဝါရီ ၂ ရက်မှာ ဖမ်းဝရမ်းအသစ် ထုတ်လိုက်ပါတယ်။

ယောင်ဆွတ်ယိုလ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာဖို့ ကြိုးပမ်းမှုတွေ အားကောင်းလာစေရေး မြောက်ကိုရီးယား ဝေဟင်မှာ ဒရုန်းတွေ ပျံသန်းဖို့ ခွင့်ပြုခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ရန်သူကို အားပေးမှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒီ အမှုအတွက် ဖမ်းဝရမ်းဟာ ဇန်နဝါရီ ၁၈ ရက်မှာ သက်တမ်းကုန်မှာ ဖြစ်ပေမယ့် ဇန်နဝါရီ ၂ ရက် တရားရုံး အမိန့်မှာ အများဆုံး ၆ လ ဖမ်းဆီးဖို့ ညွှန်ကြားထားပါတယ်။

သမ္မတဟောင်းအနေနဲ့ သက်သေ အထောက်အထားတွေကို ဖျက်ဆီးပစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် အခုလို ဖမ်းဝရမ်းထုတ်တာ ဖြစ်ကြောင်း ဆိုးလ်ဗဟိုဒေသ တရားရုံးက ပြောပါတယ်။

ရာဇဝတ်မှုတွေ တော်တော်များများအတွက် အမှုရင်ဆိုင်နေရချိန်မှာ ယောင်ဆွတ်ယိုလ်ဟာ ထောင်ထဲမှာ လပေါင်းများစွာ နေခဲ့ရပြီး ဖြစ်ပါတယ်။

သမ္မတဟောင်းက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက် တောင်ကိုရီးယားမှာ အရပ်သား အုပ်ချုပ်မှုကို ခေတ္တရပ်ဆိုင်းခဲ့တာကြောင့် လွှတ်တော်တွင်း ကြီးမားတဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။

သူ့ကို ၂၀၂၅ ခုနှစ် ဧပြီလအတွင်း ရာထူးကနေ တရားဝင် ဖယ်ရှားခဲ့ပါတယ်။

ဖမ်းဆီးဖို့ ကြိုးပမ်းမှုကို သီတင်းပတ်ပေါင်းများစွာကြာ ခုခံနေခဲ့ပြီးနောက် သူဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက ဖမ်းဆီးခံရပြီး တောင်ကိုရီးယားမှာ တာဝန်ထမ်းဆောင်ဆဲ ဖမ်းဆီးခံရတဲ့ ပထမဆုံးသမ္မတ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

သူ့ရဲ့ အမှုတွေကို ဆက်လက်ကြားနာ စစ်ဆေးနေချိန် မတ်လက လုပ်ထုံးလုပ်နည်းဆိုင်ရာ အကြောင်းရင်းတွေကြောင့် ပြန်လွတ်မြောက်လာခဲ့ပေမယ့် သက်သေအထောက်အထားတွေကို ဖျက်ဆီးပစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ဇူလိုင်လက ထပ်ပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

တရားဥပဒေဆိုင်ရာ စွဲချက်တွေကို တားဆီးဖို့ ကြိုးပမ်းတဲ့အတွက် အစိုးရ ရှေ့နေတွေက ယောင်ဆွတ်ယိုလ်ကို ထောင် ၁၀ နှစ်ချမှတ်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

ဆိုးလ်မြို့ တရားရုံးက သူ့ရဲ့ အမှုအတွက် ဇန်နဝါရီ ၁၆ ရက်မှာ အမိန့်ချမှတ်မယ်လို့ မျှော်လင့်ရပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.