October 8, 2026

သထုံမှာ အပူဒဏ်ကြောင့် လူငယ်ပိုင်း အမျိုးသမီး တစ်ဦး လဲကျသေဆုံး

သထုံ၊ အောက်တိုဘာ ၈ မွန်ပြည်နယ် သထုံမြို့ လိပ်အင်းရပ်ကွက် လေယာဉ်ကွင်းအနီး IC စားသောက်ဆိုင်အနီးမှာ အပူဒဏ်ကြောင့် လူငယ်ပိုင်း အမျိုးသမီး တစ်ဦး လဲကျသေဆုံးခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ အောက်တိုဘာ ၇ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်မှာ ပေါ်တော်မူကျေးရွာ ဘုရားလမ်းနေ အသက် ၂၈ နှစ်အရွယ် မကြည်ပြာအေးဟာ…

အမေရိကန်က မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ဆွေးနွေးမှု စတင်လိုက်ပြီဟုဆို

မော်လမြိုင် အောက်တိုဘာ ၈ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေကို သံတမန်ရေးအရ သီးခြားဖယ်ကြဉ်ထားခဲ့တဲ့ မူဝါဒကနေ ပြောင်းလဲပြီး စစ်တပ်ကျောထောက်နောက်ခံပြု မြန်မာအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေကြောင်း ရိုက်တာ သတင်းဌာနက အောက်တိုဘာ ၈ ရက်မှာ အထူးသတင်းအဖြစ် ဖော်ပြလိုက်ပါတယ်။ အမေရိကန်အစိုးရရဲ့ လက်ရှိနဲ့ အငြိမ်းစားအရာရှိတွေ အပါအဝင် အခြေအနေကို…

သီရိလင်္ကာ သမ္မတကတော်ဟောင်း ကလေးဆေးရုံ အလှူငွေ အလွဲသုံးမှု စွဲချက်နဲ့ အဖမ်းခံရ

ကိုလမ်ဘို၊ အောက်တိုဘာ ၈ သီရိလင်္ကာ သမ္မတကတော်ဟောင်း ရှီရန်သီ ရာဂျာပက်ဆာဟာ သူနဲ့ ဆက်စက်တဲ့ ပရဟိတ အဖွဲ့ တစ်ဖွဲ့က ကလေးဆေးရုံအတွက် စုဆောင်းထားတဲ့ အလှူငွေတွေကို အလွဲသုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရပါတယ်။ သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆာရဲ့ အသက် ၇၃ နှစ်အရွယ် ဇနီးသည်ကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အရာရှိတွေက သူတို့ရဲ့…

ဆန္ဒပြကျောင်းသားတွေနဲ့ ထိပ်တိုက် တွေ့ဖို့ ညွှန်ကြားထားတာ မရှိဘူးလို့ ပြင်သစ်ဝန်ကြီးချုပ် ပြော

ပါရီ၊ အောက်တိုဘာ ၈ အထက်တန်းကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ရဲ့ မူးမေ့စေတဲ့ လက်ပစ်ဗုံး အသုံးပြုမှုကို ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက ရပ်ဆိုင်းလိုက်ပါတယ်။ လန်းစ်မြို့မှာ ရဲတပ်ဖွဲ့ ပစ်လိုက်တဲ့ လက်ပစ်ဗုံးကို ပြန်လွှင့်ပစ်ဖို့ ကောက်ကိုင်တဲ့ ၁၅ နှစ်အရွယ် ကျောင်းသား တစ်ဦး လက်တစ်ဖက်ဆုံးရှုံးခဲ့ရပြီးနောက် အခုလိုဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ ကျောင်းသား လူငယ်ဟာ…

မွန်မှာ တောင်သူတွေ စက်သုံးဆီ ဝယ်မရဖြစ်နေ

မော်လမြိုင်၊ အောက်တိုဘာ ၈ မွန်ပြည်နယ်မှာ စစ်တပ် အသွင်ပြောင်း အစိုးရက တောင်သူလယ်သမားတွေကို စာရင်းမှတ်စနစ်နဲ့ စက်သုံးဆီ ရောင်းချပေးမယ်လို့ ကတိပြုထားပေမယ့် မြေပြင်မှာတော့ စက်သုံးဆီ ဝယ်မရဘူးလို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တောင်သူလယ်သမားတွေ မိုးစပါးရိတ်သိမ်းခြွေလှေ့တာနဲ့ ထွန်းယက်စိုက်ပျိုးဖို့အတွက် စက်သုံးဆီတွေကို စာရင်းမှတ်စနစ်နဲ့ ရောင်းချပေးမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ပြုလုပ်တဲ့ မွန်ပြည်နယ်…