June 2026

ရေးမှာ လမ်းဘေးရပ်ထားတဲ့ကားကို ရဲကားဝင်တိုက်လို့ ရဲ တစ်ဦး သေဆုံး

ရေး၊ ဇွန် ၁၆ မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာသစ် ရေး-ထားဝယ်လမ်းပေါ်မှာ လမ်းဘေးရပ်ထားတဲ့ ကားကို ရဲကား ဝင်တိုက်သွားတာကြောင့် ရဲတပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ နေ့လည် ၁ နာရီအချိန်လောက်မှာ ရေးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် နှစ်ဦး မောင်းနှင်လာတဲ့ ဟိုက်ဂျက်ယာဉ်ဟာ ဖြစ်စဉ်နေရာအရောက်မှာ…

စက်သုံးဆီ ဈေးကျရေး ကြိုးပမ်းမယ်လို့ မွန်ပြည်နယ် စစ်အစိုးရ ပြော

မော်လမြိုင်၊ ဇွန် ၁၆ မွန်ပြည်နယ်အတွင်းမှာ စက်သုံးဆီ ဈေးနှုန်း ကျဆင်းရေးအတွက် နည်းလမ်းများ ရှာကြံပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် စစ်အစိုးရရဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဇေယျာဦးက ပြောပါတယ်။ မနေ့ ဇွန် ၁၅ ရက်နေ့က ကျင်းပပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ စက်သုံးဆီ ဈေးနှုန်း ကျဆင်းရေးနဲ့ပတ်သက်ပြီး ကျိုက်မရောမြို့နယ်…

ဟောမု့ဇ် ရေလက်ကြားကို အခကြေးငွေ ပေးစရာမလိုပဲ သင်္ဘောတွေ ဖြတ်သန်းနိုင်တော့မယ်လို့ အမေရိကန် ပြော

ဝါရှင်တန်၊ ဇွန် ၁၆ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် လက်မှတ်ရေးထိုးထားတဲ့ အီရန် ငြိမ်းချမ်းရေး သဘောတူညီမှုအရ ဟောမု့ဇ် ရေလက်ကြားကနေ သင်္ဘောတွေ ဖြတ်သန်းခ ပေးစရာမလိုဘဲ လွတ်လပ်စွာ ခုတ်မောင်းသွားလာနိုင်တော့မှာ ဖြစ်ကြောင်း အမေရိကန် အရာရှိတွေက ဇွန် ၁၅ ရက်မှာ ပြောလိုက်ပါတယ်။ အီရန်အစိုးရအနေနဲ့ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေ မရရှိခင် သူတို့ရဲ့…

လွတ်လပ်သော မြန်မာမီဒီယာလောကအတွင်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေကို တုံ့ပြန်ဖြေရှင်းဖို့ IPCM နဲ့ MWiM ပူးပေါင်း

မော်လမြိုင် ဇွန် ၁၆ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) နဲ့ Myanmar Women in Media (MWiM) တို့ဟာ မြန်မာလွတ်လပ်သော မီဒီယာအသိုက်အဝန်းအတွင်း ဖြစ်ပေါ်နေတဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို ကာကွယ်တားဆီးပြီး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ကာ နားလည်မှုစာချွန်လွှာ (MOU) တစ်ရပ်ကို မေ ၃၀ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုဟာ…

အမေရိကန် လေတပ် ဗုံးကြဲ B-52 လေယာဉ် ကယ်လီဖိုးနီးယားမှာ ပျက်ကျပြီး လိုက်ပါသူ ၈ ဦးလုံး သေဆုံး

အက်ဒ်ဝပ်၊ ဇွန် ၁၆ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း အက်ဒ်ဝပ် လေတပ် အခြေစိုက်စခန်းကနေ အမေရိကန် လေတပ် B-52 ဗုံးကြဲ လေယာဉ် ပျံတက်ပြီး ချက်ချင်း ပျက်ကျသွားတာကြောင့် ဘိုးရင်း ကုမ္ပဏီ ဝန်ထမ်း ၂ ဦး အပါအဝင် လိုက်ပါသူ ၈ ဦးစလုံး သေဆုံးသွားပါတယ်။ ဇွန် ၁၅ ရက် ဒေသစံတော်ချိန်…

စစ်အာဏာသိမ်း (၁၉၆၁)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၉၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၁၆ AAPP ရဲ့ ဇွန်၁၅ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၅၇) ရက်အတွင်း ပြည်သူ (၈၀၉၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၁၇၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၉၈၀)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

သဘာဝဓာတ်ငွေ့သိုက်သစ်ကို စစ်အစိုးရ စီးပွားဖြစ်တူးဖော်မယ်

နေပြည်တော် ၊ ဇွန် ၁၆ မြန်မာပြည်သူတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ဘဏ္ဍာငွေဖြည့်တင်းပေးနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ သဘာဝဓာတ်ငွေ့သိုက်သစ်ကို စစ်အစိုးရက ရှာဖွေတွေ့ရှိထားပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ဖို့ အ‌ကောင်အထည်ဖော်နေပါတယ်။ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ရှိ ရေနက်ပိုင်းဒေသထဲက တည်ရှိတဲ့ ဧရာဝတီကမ်းလွန်ဒေသနဲ့ တနင်္သာရီကမ်းလွန်ဒေသမှာ ကြီးမားတဲ့ သဘာဝဓာတ်ငွေ့ ခိုအောင်းမှုတွေ ရှိနေတယ်လို့ စစ်အစိုးရက ဇွန် ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဘူမိဗေဒသပညာရှင်တွေက…

မွန်ပြည်နယ်စစ်အစိုးရရဲ့ တင်ဒါခေါ်ယူမှု ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ဝေဖန်

မော်လမြိုင် ၊ ဇွန် ၁၆ မွန်ပြည်နယ်မှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဌာနဆိုင်ရာ စီမံကိန်း လုပ်ငန်းတွေအတွက် တင်ဒါခေါ်ယူရာမှာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ်၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က ဝေဖန်လိုက်ပါတယ်။ ဇွန် ၁၅ ရက်နေ့က ပြုလုပ်တဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးမှာ…

သရက်ချောင်းတိုက်ပွဲကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရ

သရက်ချောင်း၊ ဇွန် ၁၆ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာနဲ့သိမ်ကုန်းကျေးရွာကြားမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၁၅ ရက်နေ့ မနက် ၇ နာရီအချိန်လောက်က ဝင်းဝစခန်းမှာ တပ်စွဲထားတဲ့ အင်အား ၇၀ ကျော်ပါ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ မင်းဒပ်ရွာကနေ…

ကမ္ဘာဖလားပွဲ မကြည့်ဘဲ ချစ်သူ ကေတီပယ်ရီရဲ့ ဖျော်ဖြေပွဲ သွားကြည့်တဲ့ ကနေဒါ ဝန်ကြီးချုပ်ဟောင်း ဝေဖန်ခံရ

တိုရွန်းတိုး၊ ဇွန် ၁၅ ကနေဒါအသင်းယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလား ပထမဆုံးပွဲကို သွားမကြည့်ဘဲ ချစ်သူ အဆိုတော် ကေတီပယ်ရီရဲ့ ဖျော်ဖြေပွဲကို သွားရောက်ပြီး အနမ်းပန်းခြွေခဲ့တဲ့ ကနေဒါဝန်ကြီးချုပ်ဟောင်း ဂျက်စတင် ထရူးဒိုးလ်က ဝေဖန်မှုတွေကို ပယ်ချပြီး ဒါဟာ ချစ်သူကောင်လေး တစ်ယောက်ရဲ့ တာဝန်ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။ ပေါ့ပ်ဂီတ ကြယ်ပွင့် ကေတီပယ်ရီ ဖျော်ဖြေနေချိန် ဝန်ကြီးချုပ်ဟောင်း သွားရောက်ခဲ့တာ ဖြစ်ပြီး…