June 2026

မွန်က စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံမှု ပြည်နယ်စစ်အစိုးရ အဖြေမပေးနိုင်

မော်လမြိုင်၊ ဇွန် ၁၇ မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပေမယ့် ပြည်နယ်စစ်အစိုးရအဖွဲ့က အဖြေမပေးနိုင်ခဲ့ပါဘူး။ မနေ့ ဇွန် ၁၆ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော်…

မော်လမြိုင် လှိုင်ရတနာမြို့သစ် စီမံကိန်း လွှတ်တော်မှာ မေးခွန်းထုတ်ခံရ

မော်လမြိုင်၊ ဇွန် ၁၇ မော်လမြိုင် ခရိုနီ ဦးမိုးကျော်နဲ့ အရင် ပြည်နယ် စစ်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ မော်လမြိုင် လှိုင်ရတနာမြို့သစ် စီမံကိန်း ကိစ္စနဲ့ပတ်သက်ပြီး မွန်ပြည်နယ် လွှတ်တော်မှာ မေးခွန်းမေးမြန်းခံခဲ့ရပါတယ်။ ဒီမေးခွန်းကို ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်က မနေ့ ဇွန် ၁၆ ရက်နေ့က ကျင်းပတဲ့…

ထိုင်း-မြန်မာ ကုန်သွယ်ရေး အားကောင်း လာမယ်လို့ ထိုင်း မျှော်လင့်နေ

မြဝတီ၊ ဇွန် ၁၇ မြဝတီနယ်စပ် စစ်ဆေးရေးဂိတ် ပြန်လည် ဖွင့်လှစ်မှုကြောင့် ထိုင်း-မြန်မာ ကုန်သွယ်ရေးအားကောင်းလာမယ်လို့ မျှော်လင့်ကြောင်း ထိုင်း ပြည်ပကုန်သွယ်ရေးဌာန DFT က ပြောလိုက်ပါတယ်။ မဲဆောက်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား အမှတ် ၂ ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လ ကတည်းက ပိတ်ထားခဲ့ပြီးနောက် မြန်မာဘက်က မေ ၂၈ ရက်မှာ…

ဗီယက်နမ်မှာ သတ်စားဖို့ ခိုးယူထားတဲ့ ကြောင်အကောင်ရေ ရာပေါင်းများစွာကို ရဲတပ်ဖွဲ့ ကယ်တင်

ဟိုချီးမင်၊ ဇွန် ၁၇ ကြောင်တွေကို ခိုးယူတဲ့ဂိုဏ်းကို အာဏာပိုင်တွေ ဖြိုခွင်းလိုက်ပြီးနောက် ဗီယက်နမ်မှာ သတ်ဖြတ်ဖို့ စီစဉ်ထားတဲ့ ကြောင်ကောင်ရေ ၄၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့ တိရစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။ ကြောင်တွေကို ခိုးယူစုဆောင်းရာမှာ အထူးကျွမ်းကျင်သူတွေလို့ ရဲတပ်ဖွဲ့က ပြောတဲ့ ရာဇဝတ်ကောင်အဖွဲ့နဲ့ ဆက်စပ်သူ ၉ ဦးကို ဖမ်းဆီးထားတယ် ဟိုချီးမင် စီးတီးမြို့ ရဲတပ်ဖွဲ့ရဲ့…

စစ်အာဏာသိမ်း (၁၉၆၂)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၉၄) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်၁၇ AAPP ရဲ့ ဇွန်၁၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၆၂) ရက်အတွင်း ပြည်သူ (၈၀၉၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၁၈၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၉၈၂)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

လောင်းကစားဝိုင်းတွေ ပိတ်ပင်ရေး မွန်ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်း

မော်လမြိုင် ၊ ဇွန် ၁၇ မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို တားဆီးပိတ်ပင်ရေး ပြည်နယ်စစ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို မွန်ပြည်နယ် လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ ဒီအဆိုကို ဇွန် ၁၆ ရက်နေ့က ကျင်းပပြုလုပ်တဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေးမှာ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်…

နိုင်ငံရေးစစ်‌ရေး ပိုထိရောက်ဖို့ မဟာမိတ်တွေနဲ့ ဆက်လက်ပူးပေါင်းသွားမယ်လို့ MSFC အသိပေး

‌မော်လမြိုင် ၊ ဇွန် ၁၇ နိုင်ငံရေးနည်းလမ်းမျိုးစုံနဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က နိုင်ငံရေးစစ်ရေးလုပ်ငန်းတွေ ပိုမိုထိရောက်စေဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်းသွားမယ်လို့ ဇွန် ၁၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ မွန်ပြည်နယ်အပါအအဝင် တစ်နိုင်ငံလုံး စစ်အာဏာရှင်လက်အောက်က‌နေ အပြီးတိုင် လွတ်မြောက်ရေးအတွက် အပြင်းအထန်ကြိုးပမ်းသွားမယ်လို့ ကောင်စီရဲ့ စတုတ္တအကြိမ် ညီလာခံ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့…

လောင်းလုံးတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ် အထိနာနေ

လောင်းလုံး၊ ဇွန် ၁၇ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ မနက်ပိုင်းကစလို့ စပ်ပြဲကျေးရွာထဲကို အင်အား ၁၇၀ လောက်ပါတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ တစ်နေ့ကုန်နီးပါးကြာ…

တရုတ်-မြန်မာ ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်မယ်လို့ အာဏာသိမ်း သမ္မတ ပြော

ဘေဂျင်း၊ ဇွန် ၁၆ နှစ်နိုင်ငံဆက်ဆံရေး အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ဖို့ ဘေဂျင်းမြို့မှာ မြန်မာ စစ်ခေါင်းဆောင် တစ်ဖြစ်လဲ သမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် သူ့ရဲ့ ဦးဆောင်မှုကို တရုတ် သမ္မတ ရှိကျင့်ဖျင်က လက်ခံ အတည်ပြုကြောင်း ဇွန် ၁၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။ မဟာဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြီးပြည့်စုံစွာ တိုးတက်လာစေရေး မိမိတို့…

မြန်မာနိုင်ငံက စစ်ဘေးတိမ်းရှောင်လာသူတွေအတွက် ခွင့်ပြုထားတဲ့ အလုပ်အကိုင်နဲ့ ပြည်နယ်တွေကို ထိုင်း ကြေညာ

ဘန်ကောက်၊ ဇွန် ၁၆ မြန်မာနိုင်ငံက စစ်ဘေးရှောင်လာသူတွေအနေနဲ့ ထိုင်းနိုင်ငံရှိ ပြည်နယ် ၄၃ ခုမှာပဲ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ MOU အခြေခံပြီး အတည်ပြုပြီးသား အရည်အချင်းရှိ အလုပ်တွေ တစ်စိတ်တစ်ပိုင်း အရည်အချင်းရှိ အလုပ်တွေပဲ လျှောက်ထားနိုင်မှာ ဖြစ်ကြောင်း ထိုင်းဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာန DOPA က ကြေညာပါတယ်။ ထိုင်းမှာ အလုပ်လုပ်ဖို့ ခိုလှုံလာသူတွေအနေနဲ့…