ဘေဂျင်း၊ ဇွန် ၁၆

နှစ်နိုင်ငံဆက်ဆံရေး အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ဖို့ ဘေဂျင်းမြို့မှာ မြန်မာ စစ်ခေါင်းဆောင် တစ်ဖြစ်လဲ သမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် သူ့ရဲ့ ဦးဆောင်မှုကို တရုတ် သမ္မတ ရှိကျင့်ဖျင်က လက်ခံ အတည်ပြုကြောင်း ဇွန် ၁၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။

မဟာဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြီးပြည့်စုံစွာ တိုးတက်လာစေရေး မိမိတို့ ပြည်သူများကြား ညီအစ်ကိုရင်းချာ ဆက်ဆံရေး မိမိတို့ နှစ်နိုင်ငံ ဆက်ဆံရေး ဆက်ဆံရေးနဲ့ ပတ်သက်လို့ မိမိတို့ရဲ့ ခေါင်းဆောင်မှု အားကောင်းအောင် ဆက်လက် ဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း သမ္မတ ရှီက ပြောပါတယ်။

ဟန်ပြ ရွေးကောက်ပွဲအတွင်း အနိုင်ရကြောင်း ကြေညာပြီးနောက် သူ့ရဲ့ ပထမဆုံး တရုတ် ခရီးစဉ်ဟာ ၅ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။

တရုတ်- မြန်မာ ဆက်ဆံမှုတွေကတဆင့် ဒေသဆိုင်ရာ ငြိမ်းချမ်း တည်ငြိမ်ရေး ပိုပြီး ကူညီရမယ်လို့လည်း သမ္မတ ရှီက ဆိုတာပါ။

ပြည်သူ့ခန်းမမှာ နှစ်ဦးသား တံခါးပိတ် တွေ့ဆုံမှု တစ်နာရီတောင် မကြာဘူးလို့ ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုတွေ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ် နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

မဟာမဲခေါင် ဒေသခွဲ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု သက်ရောက်ရာ ဒေသတွေအတွက် နားလည်မှု စာချွန်လွှာ ၁၈ ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

အခွန်ကင်းလွတ်တဲ့ ကုန်သွယ်ရေး၊ သဘာဝ ဘေးအန္တရာယ်တွေမှာ အကူအညီ ပေးရေး၊ ကျန်းမာရေးနဲ့ မီဒီယာဆိုင်ရာ သဘောတူညီမှုတွေ ရယူခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စည်းလုံးတဲ့ ပြည်တွင်း နိုင်ငံရေး အင်အားစုနဲ့ တည်ငြိမ်မှု ပြန်လည် ရရှိလာမှုအပေါ် ထောက်ခံ အားပေးကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ တီယန်ကျင်းမှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ညီလာခံသို့ တက်ရောက်ခဲ့ပြီးနောက် တစ်နှစ် မပြည့်ခင် ရှီကျင့်ဖျင်နဲ့ ဒုတိယမြောက် တွေ့ဆုံတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.