June 16, 2026

သရက်ချောင်းတိုက်ပွဲကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရ

သရက်ချောင်း၊ ဇွန် ၁၆ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာနဲ့သိမ်ကုန်းကျေးရွာကြားမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၁၅ ရက်နေ့ မနက် ၇ နာရီအချိန်လောက်က ဝင်းဝစခန်းမှာ တပ်စွဲထားတဲ့ အင်အား ၇၀ ကျော်ပါ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ မင်းဒပ်ရွာကနေ…