June 30, 2026

ဗြိတိန် ခိုလှုံခွင့် ဥပဒေသစ်အရ ဒုက္ခသည်တွေ စတာလင်ပေါင် ၁၀၀၀၀ ပြန်ပေးရမယ်လို့ သတ်မှတ်

လန်ဒန်၊ ဇွန် ၃၀ ဗြိတိန်နိုင်ငံမှာ ခိုလှုံခွင့်ရရှိထားသူတွေအနေနဲ့ ဝင်ငွေ ရရှိပြီးနောက် သူတို့ရဲ့ နေရာထိုင်ခင်းနဲ့ ထောက်ပံ့ ပေးထားမှုတွေအတွက် စတာလင်ပေါင် ၁၀၀၀၀ ပြန်ပေးဖို့ လိုအပ်ကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။ လွှတ်တော်သို့ တင်ပြဦးမယ့် ရွှေ့ပြောင်းနေထိုင်မှုနဲ့ ခိုလှုံခွင့်ဆိုင်ရာ ဥပဒေအရ လုံလောက်တဲ့ ဝင်ငွေ ရှိသူတွေအနေနဲ့ အချိန် အတိုင်းအတာ တစ်ခုအတွင်း ပြန်လည် ပေးဆပ်ရမှာ…

အစိုးရဝန်ထမ်း ဝင်ခွင့် စာမေးပွဲ လိမ်လည်မှု ထိုင်းရဲတပ်ဖွဲ့ တိုးချဲ့ စုံစမ်း

ဘန်ကောက်၊ ဇွန် ၃၀ ၂၀၂၅ ဒေသဆိုင်ရာ အစိုးရဝန်ထမ်း စာမေးပွဲမှာ လိမ်လည်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့က တိုးချဲ့ စုံစမ်း စစ်ဆေးနေချိန် ရာဇဝတ်မှု နှိမ်နှင်းရေးဌာန CSD က အေဂျင်စီ ၃ ခုကနေ အဓိက အထောက်အထားတွေ ရရှိရေး ကြိုးပမ်းနေပါတယ်။ ထိုင်းအမျိုးသား အကျင့်ပျက်ခြားမှု တိုက်ဖျက်ရေး ကော်မရှင်…

ကျိုက်ထိုမှာ လက်နက်ကြီးကျလို့ အမျိုးသမီး တစ်ဦး ဒဏ်ရာရ

ကျိုက်ထို၊ ဇွန် ၃၀ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု ဆင်တွင်းရွာမှာ စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က ကျိုက်ထိုအခြေစိုက် အမှတ် ၂၀၇ ခြေမြန်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ရာမှ ဆင်တွင်းရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။…

မွန်မှာ တစ်လအတွင်း စစ်တပ်ကြောင့် အရပ်သား ၁၅ ဦး သေဆုံး

ဘီးလင်း၊ ဇွန် ၃၀ မွန်ပြည်နယ်မှာ အခုလအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကနေ ဇွန် ၂၆ နေ့အထိ မွန်ပြည်နယ်မှာ စစ်တပ် လက်ချက်ကြောင့် အမျိုးသား ၆…

လွှတ်တော်အမတ်ကို ဖမ်းဖို့ပြင်နေလို့ ဖိလစ်ပိုင်မှာ အင်အားကောင်းတဲ့ ဘာသာရေးဂိုဏ်းဝင် ထောင်ပေါင်းများစွာ ဆန္ဒပြ

မနီလာ၊ ဇွန် ၃၀ လွှတ်တော်အမတ် ဘုရားကျောင်းအဖွဲ့ဝင် တစ်ဦးကို ဖမ်းဆီးဖို့ ပြင်ဆင်ထားချိန် ဖိလစ်ပိုင်ရဲ့ အင်အားကြီးတဲ့ ဘာသာရေး ဂိုဏ်း အဖွဲ့ဝင် ထောင်ပေါင်းများစွာ ဇွန် ၃၀ ရက်က စုဝေးဆန္ဒပြမှုကြောင့် ယာဉ်အသွားအလာများတဲ့အချိန် လမ်းတွေပေါ်မှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ စွပ်စွဲပြစ်တင်ခံထားရတဲ့ ဒုသမ္မတ ဆာရာ ဒူတာတေးရဲ့ မဟာမိတ် ဖြစ်ပြီး အင်ဂလီစီယာ…

အမေရိကန် ဒေါ်လာနဲ့ယှဉ်ရင် ဂျပန် ယန်းငွေ တန်ဖိုး နှစ် ၄၀ အတွင်း အနိမ့်ဆုံး လျော့ကျ

တိုကျို၊ ဇွန် ၃၀ ၁၉၈၆ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်း တစ်ခါမှ မကြုံတွေ့ခဲ့ဖူးတဲ့ ငွေလဲနှုန်း အနေနဲ့ ဂျပန် ယန်းငွေတန်ဖိုးဟာ အမေရိကန် ၁ ဒေါ်လာကို ၁၆၁ ဒသမ ၉၆ ယန်း အထိ တန်ဖိုး လျော့ကျသွားပါတယ်။ ဇွန် ၂၉ ရက်က နယူးယောက်မှာ အမေရိကန် ၁ ဒေါ်လာကို…